ကိုယ့်ကလေးတွေ ကျောင်းမအပ် ရလို့ ဝမ်းနည်း မနေကြ ဖို့ မိဘတွေ ကို တိုက်တွန်း ပြောပြ လာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေး ချစ်ခင်မှုတွေ အခိုင်အမာရရှိထားတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ နှိုင်းယှဉ်မြင့်မိုရ်ကလည်း တစ်ဦးအပါအဝင်ပါပဲ..။

နှိုင်းယှဉ်လို့ အများက ချစ်စနိုးခေါ်ကြသလို ဇာတ်ကားတွေများစွာ ရိုက်ကူး ထားတဲ့ သူမ ကတော့ လက်ရှိအခြေအနေတွေမှာ လှူဒါန်းမှူတွေ တတ်နိုင်သလောက် ပြုလုပ်နေပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသူလည်း ဖြစ်ပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အမျိုးမျိုးကြောင့် ကျောင်းသား မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေ ကျောင်းမအပ်ရလို့ ဝမ်းမနည်းကြဖို့ကို စိတ်မကောင်းစွာနဲ့ တိုက်တွန်းပြောပြလာပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အသက်ပေးသွားကြရတဲ့ ကျောင်းသားပြည်သူတွေ ရှိပြီး တချို့မိဘတွေ ကျောင်းအပ် ဖို့ ကလေးတောင် မရှိကြတော့တဲ့ အကြောင်းတွေကို နှိုင်းယှဉ်က စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်..။

“ကိုယ်ကလေး ကျောင်းမအပ်ရလို့ ဝမ်းနည်း မနေပါနဲ့ရှင်

တချို့မိဘတွေ ကျောင်းအပ်ဖို့ ခလေးတောင်

မရှိကြတော့ပါဘူး😭..” ဆိုပြီး စိတ်မကောင်း စွာ ရေးသား ပြောပြထားတာ ဖြစ်ပါတယ်..။

သူမရဲ့ ပို့စ်အောက်မှာတော့ အနုပညာရှင်တစ်ယောက် ဖြစ်သလို မိခင် တစ်ယောက်လည်း ဖြစ်တဲ့ နှိုင်းယှဉ်ရဲ့ ပြောစကားအတွက် ပရိသတ်တွေကလည်း ကျေးဇူးတင်နေကြသလို အား​ပေးစကားတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – Nhying Shin’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *