ကိုဗစ် ဖြစ်ရင် အဖြစ်ခံ လိုက်မယ်ကာကွယ် ဆေးတော့ မထိုးချင်ဘူး ဆို တဲ့ ရွှေအိမ်စည်

Posted on

သရုပ်ဆောင် မော်ဒယ်လ် ရွှေအိမ်စည် ကတော့ လက်ရှိမှာ ကိုယ်ပိုင် website တစ်ခု ပြုလုပ်လျှက်ပြီး သူမအနေနဲ့ နိုင်ငံရပ်ခြားမှာ ထိုးဖောက်ဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ “ လောလောဆယ် modelling နဲ့ ပတ်သက်တဲ့ website တစ်ခု လုပ်နေတယ်။ ဖြစ်နိုင် ရင်တော့ လန်ဒန်ကို ပြန်သွားပြီတော့ အိမ်စည့် ရဲ့ လက်ရှိ မော်ဒယ်လ် အလုပ်ကိုရော သရုပ်ဆောင်ပိုင်းကိုပါ တိုးချဲ့ချင်တာ။ မြန်မာနိင်ငံမှာတော့ အိမ်စည်က အတိုင်းအတာတစ်ခုထိ လုပ်ပြခဲ့ ပြီးပြီလို့ ထင်တယ်။ လန်ဒန်ကကျတော့ ကိုယ်ကြီးပြင်းခဲ့တဲ့ နေရာလည်းဖြစ်တော့ လုပ်ချင်တယ်။ ဟိုမှာလည်း အခွင့်အလမ်းများတယ်။ နှစ်နိုင်ငံ ဟိုဘက်လည်း လုပ် ၊ ဒီဘက်လည်း လုပ် အဲ့ဒီလိုဆိုတော့ မကောင်း ဘူးလားပေါ့” လို့ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်ကာကွယ်ဆေး နဲ့ ပတ်သက် ပြီးတော့လည်း ရွှေအိမ်စည်က “ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ကတော့ ဘာပြောလို့ပြောရမှန်းတောင်မသိဘူး။ ကာကွယ်ဆေး မပေါ်ခင်ကလည်း အိမ်စည်က အလုပ်နဲ့ ပတ်သက်ပြီး နေ့တိုင်း သွားနေ လာနေရတာပဲ။ ကိုယ့်ဘက်ကလည်း ဆင်တော့ဆင်ခြင်ပါတယ်။
ဒါပေမယ့်လည်း ဖြစ်မှလည်း ဖြစ်တော့ကွာပေါ့။ ဒီအတိုင်းချည်းပဲ ဘာမှမလုပ်ပဲနေရသွားရအောင်လည်း အိမ်စည့်ကို ဘယ်သူကတင်ကျွေးထားရမှာလဲ။

အိမ့်စည်ကျတော့ တစ်ယောက်တည်းနေတဲ့အခါကျတော့ သူများတွေ လို ကိုယ့်ဆီကနေ မိဘကို ပြန်ကူးမှာတွေ ဘာတွေလည်း စိတ်ပူစရာမရှိဘူးပေါ့။ အဲ့ဒီလို ရှိတဲ့သူတွေက ဒါ သူတို့ ကိစ္စပေါ့။ အဲ့ဒီတော့ ကာကွယ်ဆေးတွေ ဘာတွေ မျှော်မနေဘူး။ ဖြစ်လာရင်လည်း ကွာရန်ဝင်းလိုက်မယ်။ ဖြစ်ပစေ အဖြစ်ခံလိုက်မယ်ဆိုတဲ့ စိတ်မျိုး အိမ်စည့်မှာ ရှိတယ်။ ပြီးတော့ ကာကွယ်ဆေးက ကိုဗစ်ကို ကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ကိုဗစ်က ထပ်ဖြစ် လာတဲ့ ရောဂါအပွားတွေကို အကာအကွယ် မပေးနိုင်ဘူးလေ။ ၁၀၀ ရာခိုင်နှုန်း မကာကွယ်ပေးနိုင်ရင်တော့ ကာကွယ်ဆေးမှ မဟုတ်တာ။ အိမ်စည်က ဆရာဝန် မဟုတ်လို့ သေချာ မသိပေမယ့် ဘေးထွက် ဆိုးကျိုးတော့ ရှိမှာပဲလေ။ အဲ့ဒီ ဘေးထွက်ဆိုးကျိုးတွေကို မခံစားချင်ဘူး။ အဲ့ဒီတော့ အိမ်စည်ကတော့ ကာကွယ်ဆေးကို မထိုးဘူး။ အဲ့ဒီလိုပြောလို့ ဝိုးတွေ ဝါးတွေတော့ လာ မလုပ်နဲ့။ အိမ်စည်က ကိုယ့် တစ်ကိုယ်ရည်စာ အတွက်ပြောတာ” လို့ ပြောပြခဲ့ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *