ကိုဗစ် တတိယလှိုင်း ဟာ စစ်အုပ်စု ပက်သက် နေ ကြောင်း အတည်ကြီး ရေးသားလာ တဲ့ အိပန်ဆယ်လို

Posted on

အာဏာသိမ်းပြီး ကာလတွေမှာတော့ စကစ ကနေအပူတပြင်းနဲ့ အလိုရှိနေတဲ့ ပန်ဆယ်လိုကတော့ လွတ်မြောက်ရာဖြစ်တဲ့ ။

အမေရိကန်နိုင်ငံကို သွားရောက်နိုင် ခဲ့လို့ လူတွေရဲ့ဝေဖန်မှုကို ခံနေရပေ မဲ့ ပန်ဆယ်လိုကတော့ အပြုံးမပျက်ခဲ့ပါဘူး။

ဒီနေ့လေးမှာတော့ ပန်ဆယ်လိုက ” COVID Third Wave ဟာ တစ်ပတ် ဆယ်ရက်အတွင်း အပြင်းအထန်အခြေအနေကို ဆိုက်ရောက်လာတယ်။

COVID ဟာ Psywar မဟုတ်တဲ့ တကယ့် Serious အခြေအနေပါ။ ဒီရက်ထဲမှာ COVID ကို စကစက လက်နက်အဖြစ် သုံးလာပြီလားလို့ တွေးမိလာတယ်။

အာဏာသိမျး၅လကျော်ကာလမှာ ဒီပြည်သူဟာ အုပ်ချုပ် ခံဖို့ အပြင်းအထန် ငြင်းဆန်ရုန်းကန်နေတယ်၊ ဆက် ပြီးလည်း တော်လှန်နေဦးမယ်ဆိုတာ သိသာလာတယ်။

ဘောမရပ်ကွက်က စိမ်းပိန်းတို့ ပေမမှီဒေါက်မမှီဉာဏ်ရည်တွေနဲ့ ပြောနေသလို နွေဦးတော်လှန်ရေးကို ဘယ်နိုင်ငံ၊ ဘယ်အဖွဲ့အစည်းက ထောက်ပံ့နေတယ်ဆိုတာတွေဟာ တကယ်မဟုတ်ဘူး။

ပြည်သူက ပြည်သူကို ထောက်ကန်ထားတာ။ ပြည်သူက ပြည်သူကို ကူညီနေတာ ကြောင့် ဒီတော်လှန်ရေးဟာ ရပ်တန့်မသွားတာ။

ဒါကို စစ်ကောင်စီက နားလည်လက်ခံလာပြီ။ နားလည်လက်ခံတယ်ဆိုလို့ အထင်မကြီးလိုက်နဲ့နော်။

ကောင်းသောနားလည်ခြင်းမျိုး မဟုတ်ဘူး။ ပြည်သူက ပြည်သူကို ကူညီထောက်ပံ့နေတာတွေ ရပ်တန့်သွားဖို့က ပြည်သူကိုတားမရဘူး။

တားနေတဲ့ကြားက နည်းအမျိုးမျိုးနဲ့ ဖောက်ထွက် နိုင်နေကြတာ။ အလွယ်ဆုံးနည်းက ပြည်သူက ပြည်သူကို ထောက်ကန်ပေးနေတာတွေကို ရပ်တန့်ဖို့ ပြည်သူတွေကို ဒုက္ခပေးထားနိုင်ဖို့ပဲ ရှိတယ်။

ရဲတပ်ရင်းတွေမှာ ကူးစက်တယ်။ သိတယ်နော်။ သူတို့မသိတာ မဟုတ်ဘူး။ ပြည်သူတွေကြားမှာ တမင်လွှတ်ပေးထားတာ။

အခု အတော်များများ ကူးစက်ခံနေရပြီ။ အသေအပျောက်နှုန်းတွေ များလာပြီ။ ထုတ်သာမပြောကြတာအတော်များများ ဖျားနေကြပြီ။

အသက်ဘေးကနေ ရုန်းကန်ဖို့ စိတ်အား၊ လူအား၊ ငွေအား အကုန်သုံးရတာ။ ဒီလိုဒုက္ခရောက်လာရင် တော်လှန်ရေးကို အာရုံလျော့ပြီး COVID မှာ လုံးချ

ာလည်ရင်း အုပ်ချုပ်ခံသွားမယ်လို့ စကစက မတွေးဘူး မပြော နိုင်ဘူး။လူပေါင်း သန်းချီ ချီတက်ဆန္ဒပြတဲ့ ၂ ငါးလုံးလို အရေးတော်ပုံနေ့ရက်တွေ နောက်ပိုင်းမှာတောင် အခုလို အစုလိုက် အပြုံလိုက် ကူးစက်မှုတွေ မရှိခဲ့ဘူး။

အခုကျမှ ဘာလို့ အစုလိုက်အပြုံလိုက် ကူးစက်ခံ နေရသလဲ။ ကူးစက်မှုတွေ အုံနဲ့ကျင်းနဲ့ဖြစ်လာချိန်မှာတောင် ကျောင်းတွေ တရားဝင် မပိတ်သေးဘူး။ ကူးစက်မှုကို ရပ်တန့်ဖို့ ဘာ အစီအမံမှ မရှိသေးဘူး။

ဒေါ်အောင်ဆန်းစုကြည်ခေတ်က COVID Cen ter တွေက ပစ္စည်းတွေအကုန် စစ်ဆေးရုံကို သယ်ချသွားတာ ကြာပေါ့။ အဲ့ပစ္စည်းတွေ မရှိတော့တာမှ မဟုတ်တာ။

ဒါပေမယ့် လည်ပတ်နိုင်လား၊ လည်ပတ်ဖို့ ကြိုးစားလား။ ဘာမှမလုပ်ဘူး။ ရောဂါမူရင်းပိုင်ရှင်ကြီး ရှီတို့ကလည်း COVID Center လာ ဆောက်ပေးမယ်ဘာညာ လေသံကြားနေရပြီ။

ထားပါ ဆောက်ပေးတော့လည်း ကုခံရလို့ သက်သာသူရှိလည်း မနည်းဘူးမလား။ ရောဂါမြင့်တက်နေချိန်မှာ တိုင်းပြည်ချောက်ထဲကျရန် လက်နှစ်လုံးအလို။

စစ်တပ်မှကယ်တင်လိုက်သည်ဆိုတဲ့ ကျေးဇူးရှင်ဖေဖေကြီးဇာတ်လမ်းကို Version ပြောင်း ရိုက်နေပြီလို့ပဲ မြင်မိတယ်။

စကစရဲ့ အကြီးမားဆုံး အားနည်းချက်က အမြဲတမ်း ပြည်သူကို လျှော့တွက်တာပဲ။ COVID ပျံ့အောင်တွန်းပို့၊ ကူးလာတဲ့ ။

COVID ကို ကုပေးနိုင်ရင် ပြည်သူက ဖြစ်သမျှတွေ မေ့သွားပြီး အချစ် တော်ဝင် အုပ်ချုပ်ခံမယ် ထင်နေကြပြန်ပြီ။

ဒီစစ်အာဏာသိမ်းမှုဟာ ၂၀၂၁ မှာ ဖြစ်တာ။ ဒီပြည်သူက COVID ဖြစ်ရင် စစ်ကားပေါ် ပြေး တက်မယ်တွေးတဲ့အထိ ရန်ငါပြတ်ပြီးသား။

ကာကွယ်ပေးနိုင်ရင် ကောင်းပါတယ်။ ကျေးဇူးတော့ တင်စရာမရှိ။ ကာကွယ်ဆေးရနေပြီဖြစ်တဲ့ COVI D ကို အောင်နိုင်တော့မယ့် အခြေအနေမှာ ကျန်းမာနေဆဲ ပြည်သူထောင်ချီကို ပစ်သတ်တဲ့အပြင်။

COVID Third Wave ကို သယ်ဆောင်လာတာလည်း မင်းအောင်လှိုင်ရဲ့စစ်တပ်ပဲဆို တာ မမေ့ပါဘူး။ ဒီ Third Wave မှာ အသက်ဆုံးပါးသူတွေဟာ COVID က သတ်တာခံရတာထက် မင်းအောင်လှိုင်သတ်လို့ သေရတာ။

ကမ္ဘာမကြေဘူးကနေ တစ်ကျပ်ဖိုးမှ မလျော့ဘူး။ အသက် တစ်ချောင်းချင်းစီနဲ့ မြှောက်ပြီးကို နာကျည်းတာ။စစ်တပ်ကျေးဇူး မူးလို့ရှူစရာမရှိ။

#Crd

Leave a Reply

Your email address will not be published. Required fields are marked *