ကိုဗစ် ကြောင့် အောက်စီဂျင် ကျသော် ဒီ လိုအနေ အထား နဲ့ အသက်ရှုပေးပါ (ရုပ်သံဖိုင်)

Posted on

ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်းရေး)အကောင့် မှ ကူးယူဖော်ပြပါသည်။

အရင်က ကိုဗစ်လူနာများ ICU မှာတင်ရင်း အောက်စီဂျင်ကျ သွားရင် မှောက်လျက်အနေအထား (Prone Position) နဲ့ အောက်စီဂျင်ပေးလေ့ရှိတယ်။ ပေးဘို့လည်း

Recommend လုပ်ထားပြီးဖြစ်တယ်။ မှောက်လျှက်အနေအထားက ကိုဗစ်ဆိုးရွား လူနာတွေမှာ အဆုတ်လေအိတ်တော်တော်များများကို အောက်စီဂျင်ပိုရစေတယ်လို့ ဆိုပါတယ်။ အခု

နောက်ပိုင်း သုတေသနများအရ ကိုဗစ်အသင့်အတင့်ဆိုးတဲ့ လူနာတွေ၊ Home care လုပ်ရင်းအောက်စီဂျင် ကျနေတဲ့ ကိုဗစ်လူနာတွေမှာ လည်း အဆုတ်လေအိတ်တွေထဲ အောက်စီ

ဂျင်ရောက်ရှိဘို့ မှောက်လျှက်အသက်ရှူနည်းကို အသုံးပြုလို့ ရပါတယ်။ သုတေသနအရ မှောက်လျှက်အသက်ရှူနည်းပြုလုပ်ခြင်းဖြင့် အောက်စီဂျင်ပိုရစေရုံမျှမက ICU ပို့မယ့်ပမာဏ

လည်းလျော့သွားစေမယ်။ လည်ချောင်းထဲ အသက်ရှူပိုက် ထည့်ရမယ့် ပမာဏလည်း လျော့သွားစေမယ်။ ICU ရောက်ခဲ့ရင်လည်း အဲဒီမှာ နေရမယ့်အချိန်တိုသွားစေမယ်။ ဆေးရုံ

တက်ရမယ့်ရက်တွေ လျော့သွားစေမယ်။ အသိသာဆုံးကတော့ လူနာရဲ့ Well being ပါဘဲ။ အောက်စီဂျင်ပိုရနေတော့ လူနာက နေရထိုင်ရ အရမ်းသက်သာနေတယ်မဟုတ်လား။

ဒီတော့ကာ မှောက်လျှက် အသက်ရှူခြင်းလုပ်ဖို့အတွက်—

၁။ ဘာတွေလိုအပ်မလဲ။

၂။ ဘယ်လောက်ကြာကြာလုပ်လို့ရသလဲ။

၃။ ဘယ်လိုလူနာမျိုးတွေဆိုမလုပ်သင့်ဘူးလဲ။

ဆိုတာတွေ သိဘို့လိုအပ်လာပါမယ်။

၁။ ဘာတွေလိုအပ်မလဲဆိုရင် မှောက်လျက်အနေအထားအတွက် မလိုလားအပ်တဲ့ နာကျင်မှုတွေမဖြစ်စေဘို့ အခုအခံ ခေါင်းအုံး ၅ လုံးလောက် လိုပါမယ်။ (ပုံ ၁၊ ပုံ ၂ တွင်ကြည့်

ပါ)။ အောက်စီဂျင်ပေးလက်စဆိုရင် ဆက်ပေးထားဘို့ လိုပါမယ်။ အောက်စီဂျင်ပိုက်တွေ ခေါက်နေတာ ပြုတ်နေတာ မဖြစ်ဘို့ သေချာစစ်ဆေးရပါမယ်။

၂။ ဘယ်လောက်ကြာကြာ လုပ်လို့ရမလဲဆိုရင် မှောက်လျက် တစ်ကြိမ်ကို မိနစ် ၃၀ ကနေ ၂ နာရီလောက် အထိ ထားလို့ရပါတယ်။ ၁ နာရီထက်ပိုနေနိုင်ရင်တော့ အကောင်းဆုံး

ပါ။ တစ်နေ့ကို ၁၆ နာရီအထိ မှောက်လျှက်နေလို့ရပါတယ်။ ကျန်အချိန်တွေ ကတော့ အစာစားဖို့၊ ဆေးသောက်ဖို့၊ သန့်ရှင်းရေးလုပ်ဖို့ပါဘဲ။ အစာစားပြီး ၁ နာရီအတွင်းလည်း မ

မှောက်သင့်ပါဘူး။

၃။ ဘယ်လိုလူနာမျိုးတွေ မလုပ်သင့်ဘူလဲဆိုရင် —

-ကိုယ်ဝန်ရင့်တဲ့သူတွေ (Pregnancy)

-အဝလွန်ဗိုက်ပူတဲ့သူတွေ (Morbid Obesity)

-ခါးရိုးဆစ်ပြဿနာရှိလို့ ခါးနာနေသူတွေ (Spondylolisthesis, scoliosis etc)

-ခြေထောက်သွေးကြောပိတ်ရောဂါရှိသူတွေ (DVT)

-ဦးခေါင်းတွင်းဖိအားများနေသူတွေ (Increase ICP)

– သွေးအရမ်းတိုး၊ နှလုံးကြောင့်အမောဖောက်နေတဲ့သူတွေ

– လတ်တလော ရင်ဘတ်ထိခိုက်ဒဏ်ရာနဲ့ ဝမ်းဗိုက် ခွဲစိတ်ထားသူတွေ

စတဲ့သူတွေကတော့ မှောက်လျှက် အသက်ရှူခြင်းကို မလုပ်သင့်ပါဘူး။

မှောက်လျှက်အပြင် ဘေးစောင်းအနေအထား၊ တစ်ဝက်ထိုင်ခြေ (၆ဝံ) ပက်လက်ခြေဆင်း အနေအထားတွေကလည်း အရေးကြီးပါတယ်။ (ပုံ ၃၊ ပုံ ၄ တွင်ကြည့်ပါ)

နောက်ထပ်ဖြည့်စွက်ချင်တာက ဒီလိုအနေထားနဲ့ အသက်ရှူနေလျက်နဲ့မှ အောက်စီဂျင်က မတက်လာဘူး၊ လူနာက မောတာမသက်သာဘူ းဆိုရင် ဆက်မလုပ်သင့်ပဲ နီးစပ်ရာကျန်းမာ

ရေးဝန်ထမ်းများနဲ့ ဆက်လက်တိုင်ပင်သင့်ပါတယ်။ ပြန်လည် သန်စွမ်းရေးဆရာဝန်တစ်ယောက်အနေနဲ့ လူနာအနေအထားမှန်ကန်စွာဖြင့် အသက်ဝဝရှူနိုင်ရေးဟာလည်း အရေးပါတာ

ကြောင့် ဆောင်ရန်/ရှောင်ရန်များနှင့်တကွ သတိပြု လိုက်နာကျင့်သုံးနိုင်စေဘို့ တင်ပြလိုက်ပါတယ်။

ဒေါက်တာသိန်းသန်းဝင်း (ပြန်လည်သန်စွမ်းရေး)

(၁၁-၇-၂၀၂၁)

ရုပ်သံဖိုင် ကြည့်ရန်နှိပ်ပါ

crd

Leave a Reply

Your email address will not be published. Required fields are marked *