ကိုဗစ် ကြောင့် သင့် အသက် မဆုံးရှုံး ချင်ရင် သေချာဖတ်ပါ … (အားလုံသိအောင် မျှ‌ဝေပေးပါ …)

Posted on

အရင်ခေတ် ကလူတွေ ဝမ်းလျှော ဝမ်းကိုက်ရောဂါခံစားရရင် တမြို့လုံး ကူးစက်ပြီး သေကြရတယ်။ ဝမ်းလျှောဝမ်းကိုက်တာကို ဘယ်လို ကုရမှန်းမသိလို့ ဖင်က ဝမ်းလျှောပြီး ပါးစပ်ပြန်မဝင်တော့ အားအင်ဆုတ်ယုတ်ပြီး အစာမဝင်တာတွေ ဖြစ်ပြီး သေရတယ်။

အခုဖြစ်နေတဲ့ ကိုဗစ်က လူ ကို အဓိက တိုက်ခိုက် နေတာက အဆုတ်နဲ့ နှလုံးပဲ။ ကိုဗစ်ကြောင့် အဆုတ်နဲ့ နှလုံးကို တိုက်ခိုက်ဖျက်ဆီးခံနေရတဲ့ အချိန်မှာ မိမိစိတ်မှာ စိုးရိမ်ပူပန်စိတ်တွေ များလာပြီး ခန္ဓာကနေ ရောဂါတိုက်ဖျက်တဲ့ ဟော်မုန်းတွေ ပိုထွက်ပြီး အဆုတ်နဲ့ နှလုံးကို ပိုပျက်စီးစေတယ်၊ ဒါကြောင့် ကိုဗစ်ဟာ ဘာဆေးနဲ့မှ ကုမရပဲ ဆေးမတိုးတဲ့ ရောဂါဖြစ်လာတာ။

ကိုဗစ်ကို လက်တွေ့ ပျောက်ကင်းအောင် ကုနိုင်တဲ့ ဆေးမပေါ်သေး တာလည်း ကိုဗစ်ကူးခံရတဲ့ တဝက်ကျော်မှာ စိုးရိမ်ပူပန်စိတ်တွေ ပိုများနေလို့ စိတ်ရောဂါကြောင့် ကိုဗစ်က ပိုကြောက်စရာကောင်းနေတာ။ တချို့လူတွေ ကိုဗစ်ကူးတယ်။ ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်၊ အဆုတ်၊နှလုံး၊ အသည်းကောင်းတဲ့ ဆေးတွေ သောက်တယ်။ စိတ်ကို အချမ်းသာဆုံး ဖြစ်အောင် ကြံ့ကြံ့ခိုင်ထားလို့ အောက်စီဂျင်ကျတဲ့အထိတောင်မရောက်ပဲ ရက်ပိုင်းနဲ့ ပြန်ကောင်းသွားတယ်။

ကိုဗစ်ဖြစ်ရင် စိတ်ကြောင့် 50% ပျောက်ကင်းတယ်ဆိုတာ နားလည်ထားပါ။ နောက်တစ်ခုက အသက်ကို ဉာဏ်စောင့်တတ်ဖို့ပါ။အဆုတ်၊ နှလုံး ပိုပျက်စီးစေမည့် အပူ၊ အစပ်၊ ဆီကြော်၊ အဆိမ့်တွေ အစားမများဖို့ ရှောင်ဖို့ လိုတယ်။အသင့်စားခေါက်ဆွဲခြောက်တွေ၊ ကော်ဖီမစ် တီးမစ်၊ ချိုလွန်းချွဲထတဲ့ ကိတ်မုန့် သာရေစာတွေ ရှောင်ပါ။

သောက်မည့်ဆေးတွေကလည်း ဈေးမများပါဘူး။ တောလေးညှင်းရွက် ကို အခြောက်ခံပြီး တရက်ကို အရွက်ခြောက်နစ်ဆယ်ရွက်လောက်နဲ့ ရေနှစ်လီတာကျော်ကို ကျိုချက်ပြီး မှန်မှန်သောက်ပေးဖို့ပါပဲ။ မနက်အိပ်ရာနိုးတာနဲ့ အစာမစားခင် တပင်တိုင်မြနန်းအနီ တနေ့ 3လုံး၊ Fameက ရွဲယိုရွက် 1လုံးကို ပုံမှန်သောက်ပါ။ ကိုဗစ်ဖြစ်တယ်လို့ သိတာနဲ့ ကြက်ရိုးပြုတ်ရည်နဲ့ ကြက်ဥ မကျက်တကျက် ကို နေ့စဉ် အားရှိ အစာဝင်အောင် စားပေးတာမျိုး၊ ပျားရည်နဲ့ သံပုရာရည်ကို သောက်ပေးတာမျိုးတွေဟာ အဆုတ်နဲ့ နှလုံး သွေးကြောတွေကို သန့်စင်အားကောင်းစေလို့ မဖြစ်မနေ လုပ်ပေးရမည့် အချက်တွေပါ။

တချို့က ပါးစပ်မှာ အနာပေါက်လာပါတယ်။ ဆားရည်ငုံလွန်း လို့လည်း ဖြစ်ပါတယ်။ အဲလို ဖြစ်လာရင် အုန်းဆီထမင်းစားဇွန်းတဇွန်းကို နာရီဝက်လောက် ပါးစပ်ထဲငုံထားပါ။ တချို့က ရင်ဘတ်အောင့်တတ်ပါတယ်။ သိပ်မပူတဲ့ မုန်ညင်းဆီပါတဲ့ ဒဏ်ကြေလိမ်းဆေးတွေ လူးနိုင်ပါတယ်။ ခြေမကို မုန်ညင်းဆီနဲ့ အသားထဲဆိမ့်ဝင်အောင် ပူအောင်ပွတ်ပါ။ ခြေဖဝါးတည့်တည့်ကိုလည်း ပွတ်ပါ။

သွေးတိုးရှိရင် သွေးကျဆေး မှန်မှန်သောက်ထားပါ။ နှလုံးအခံ ရှိရင် နှလုံးဆေးကို ပုံမှန်သောက်ပါ။ အဆီကျဆေးသောက်နေရင် အသည်းအားဆေးပါ တွဲသောက်ပါ။မိမိကျန်းမာရေးကို သေချာဂရုစိုက်ပြီး စိတ်ချမ်းသာအောင်နေမယ်ဆိုရင် ကိုဗစ်က တကယ်ကြောက်စရာမကောင်းပါဘူး။ ကိုယ်လက်ကိုက်လွန်းရင် ဖျားချင်သလို ဖြစ်ရင် ပါရာတမျိူးတည်းပါတဲ့ ဆေးမျိုးမသောက်ပါနဲ့။ ပါရာနဲ့ orphenadrine citrate 35 ပါတဲ့ဆေးကို တနေ့ 2ကြိမ် အစာစားပြီးတိုင်း သောက်လို့ရပါတယ်၊ တချို့က နှာစေး နှာပိတ်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီးတိုင်း သောက်ရတဲ့ Cetirizine 5mgနဲ့ Ambroxol 60mg ပါတဲ့ဆေးကို နှာအလွန်စေး၊ နှာပိတ်နေရင် သောက်လို့ရပါတယ်။

အဓိကကျတာက စိတ်ရောဂါမဝင်ဖို့ပါ။ ကြောက်တာ ၊ စိုးရိမ်ပူပန်တာတွေက သောက်သမျှ ဆေးကို Side Effect ဖြစ်စေလို့ ကိုယ်လက်လေ့ကျင့်ခန်း စိတ်ကို အချမ်းသာဆုံးလုပ်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ပြီး စိတ်လက်ပေါ့ပါးစွာနေမယ်ဆိုရင် ကိုဗစ်က လူကို သေအောင် မလုပ်နိုင်ပါ။ နေပူစာလေး လှုံလိုက်။ လေကောင်း လေသန့်လေးရှူပြီး သဘာဝအလှတွေမြင်တတ်အောင် ကြည့်ပြီး စိတ်ချမ်းချမ်းသာသာနေမယ်ဆိုရင် ကိုဗစ်ဆိုတာ သာမန် တုတ်ကွေးသာသာပါ။

သာမန်တုတ်ကွေးထက် ပိုပြင်းနေတာက ကိုဗစ်က အဆုတ်၊ နှလုံးကို ဖျက်ဆီးတော့ စိုးရိမ်ပူပန်စိတ်တွေ လူမှာ ပိုများလာပြီး အဲဒီစိတ်ရောဂါတွေက အဆုတ် နှလုံးကို ကိုဗစ်ထက် ပိုပြီး မြန်မြန်ဖျက်ဆီးလို့ သေတဲ့သူတွေ များလာလေ ကြောက်လာလေ စိတ်ပူစိုးရိမ်လာလေတွေဖြစ်ပြီး လူသားတွေရဲ့ ကပ်ရောဂါဖြစ်လာတာပါ။

ကိုဗစ်ဖြစ်လို့ အောက်ဆီဂျင်ကျနေတဲ့အခါမှာ အားရှိအောင်ဆိုပြီး နွားနို့တိုက် Ensure တိုက် ပတ်နို့တိုက်နေကြတာ တွေ့လို့ပါ။ အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းတဲ့အခါမှာ အားရှိအောင် များများစားပါ၊ သောက်ပါ ပြောနေတာက အဆုတ်သန့်အောင် အဆုတ်ပြန်ပြီး အားရှိအောင် စားဖို့ သောက်ဖို့ ပြောတာပါ။ နို့ဆိုတာ ချွဲထစေတဲ့အရာတွေပါ။ အောက်ဆီဂျင်တအားကျနေတဲ့အချိန်မှာ အပူအစပ် ချွဲထစေတဲ့အစားအစာတွေဟာ လူနာကို မိနစ်ပိုင်းအတွင်း အသက်ရှူ ရပ်ပြီး သေစေတာပါ။

တချို့က အောက်ဆီဂျင်ကျနေမှန်း သိသိနဲ့ မနက်စာကို မိုင်လို အိုဗာတင်း ကော်ဖီမစ် တီးမစ်တွေနဲ့ အငန်မုန့်၊ ကိတ်မုန့်တွေနဲ့ အားရှိအောင် စားပြီး မိနစ်ပိုင်းအတွင်း အောက်ဆီဂျင်ထိုးကျ သေပါတယ်။ တချို့ကျ ကော်ဖီမှုန့်စစ်စစ်နဲ့ နွားနို့သောက်ပြီး ရင်ဘတ်တွေ ဆူးပြီး အောင့်လာ ကျပ်လာပြီး မိနစ်ပိုင်းအတွင်း အသက်ရှူရပ် သေပါတယ်။ ကိုဗစ်ဖြစ်ရင် စားရမည့်အားရှိစာတွေဆိုတာ အချွဲ့မထ အဆုတ်သန့်စေတဲ့ ကြက်ပြုတ်ရည်ပါ။ ကြက်ဥပါ။ ချွဲထစေတဲ့ အစာတွေ စားပြီး သေနေတာတွေ မြင်ရတာ အတော်စိတ်မကောင်းဘူး။ ကိုဗစ်နဲ့ မတည့်စာတွေကို ရှောင်နိုင်လေ အသက်ရှင်ဖို့ များလေဆိုတာ သဘောပေါက်ကြဖို့ လိုမယ်။ အခု အောက်ဆီဂျင်တပ်ရတဲ့သူတွေဟာ ရောဂါအခံရှိထားသူတွေအပြင် အများစုက အစားအသောက်နည်းမှားတွေနဲ့ စားသောက်ကြပြီး နေ့ချင်းညချင်းဆိုသလို ရောဂါဆိုးလာပြီး အောက်ဆီဂျင်ကျတဲ့သူတွေ များလာတာပါ၊

အောက်ဆီဂျင်ကျတာက လူအများအထင်တော့ ကိုဗစ်ကြောင့် အဆုတ်ပျက်စီးပြီး အဆုတ်လုပ်ဆောင်ချက်တွေ မကောင်းလို့ကျတယ်ထင်နေကြတယ်။

တကယ်ကတော့ ကိုဗစ်က အဆုတ်ကို ဖျက်ဆီးလို့ အောက်ဆီဂျင် ကျတာက နည်းနည်း။ တကယ်ဖြစ်နေတာက အောက်ဆီဂျင်ကျတာနဲ့ သေတော့မယ်ဆိုတဲ့ စိတ်လှုပ်ရှားပြီး စိုးရိမ်ထိတ်လန့် ကြောက်စိတ်တွေကြောင့် လူခန္ဓာက ထွက်လာတဲ့ ဦးနှောက်အောက်အတက်ကနေ ထွက်လာတဲ့ ရောဂါပိုးကို တိုက်ဖျက် ပေးတဲ့ ဟော်မုန်းတွေက အဆုတ်ပျက်စီးနေတာကို ထပ်ပြီး ရောဂါပိုးအထင်နဲ့ တိုက်ခိုက်လာတော့ အောက်စီဂျင်ဟာ ဟော်မုန်းတွေ များများထွက်ပြီး တိုက်လေ အဆုတ်က အလုပ်မလုပ်လေဖြစ်ပြီး အောက်ဆီဂျင်ကျပြီး သေကြရတာ။

ဆေးပညာနဲ့ပြောရင် အောက်ဆီဂျင် 90လောက်ကျနေရင် စိုးရိမ်ရတဲ့ အခြေအနေဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အဆုတ်ကို ဖျက်ဆီးခံရလို့ ဖြစ်ရင်တော့ မစိုးရိမ်သင့်ပါ။ တချို့ အောက်ဆီဂျင် 85ရောက်တာတောင် လူကောင်းလို နေနိုင်တာကိုတွေ့ရတယ်။အောက်ဆီဂျင်ကျရင် ချွဲထစာတွေမစားပါနဲ့၊ အဆုတ်က အညစ်အကြေးတွေကို ရှင်းအောင် နေထိုင် စားသောက်ပါ။ စိုးရိမ် ထိတ်လန့်စိတ်တွေ မဖြစ်စေပဲ စိတ်အချမ်းသာဆုံးဖြစ်အောင်နေပါ။ အဆုတ်သန့်အောင် အဆုတ်အားကောင်းအောင် နေထိုင် စားသောက်မယ်ဆိုရင် ကိုဗစ်ကြောင့် ခေတ္တပျက်စီးသလိုဖြစ်သွားတဲ့ အဆုတ်ရဲ့ လုပ်ဆောင်ချက်ဟာ 4၊ 5 ရက်ကျော်လျှင် အောက်ဆီဂျင်ကျရာကနေ ပြန်ပြီး မူမှန်လာတာများပါတယ်။

စိုးရိမ်ထိတ်လန့် စိတ်လှုပ်ရှားတတ်သူတွေ အစားအသောက်မဆင်ခြင်တဲ့သူတွေကတော့ အဆုတ်ဟာ ပိုပျက်စီးပြီး နေ့မြင် ညပျောက် သေတတ်ပါတယ်။ အသက်ကို ဉာဏ်စောင့်ဖို့၊ ဘဝကို စိတ်ချမ်းသာအောင် ချမ်းသာစစ်နဲ့ နေတတ်ဖို့ လူသားတွေကို သင်ပေးနေတာပါ။

crd-ko aung kyaw oo

Leave a Reply

Your email address will not be published. Required fields are marked *