ကိုပေါက် ရဲ့ ရင်ထဲ က ခံစားချက် တွေ နဲ့ သီကုံး လာ ခဲ့ တဲ့ ဘယ်တော့ မှ ထားမသွား ဘူး ရန်ကုန်

Posted on

မင်္ဂလာပါ ပရိတ်သတ်ကြီးတို့ရေ ပြည်သူချစ် အနုပညာ ရှင် တစ်ယောက် ဖြစ် တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ ကိုပေါက် ဟာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရတဲ့ အတွက်ကြောင့် ယခု လတ်တလောမှာတော့ တိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ကိုပေါက်ဟာ အနုပညာ လောကထဲမှာ ဇာတ်ပို့ ဇာတ်ရံကောင်း တစ်ယောက် အနေနဲ့ စတင် လာခဲ့ ပြီးတော့ အခု နောက်ပိုင်း မှာတော့ အောင်မြင်တဲ့ သရုပ်ဆောင်၊ ဒါရိုက်တာ တစ် ယောက် ဖြစ်လို့ နေခဲ့ပါပြီ။

ကိုပေါက်ဟာ မြန်မာ နိုင်ငံမှာ အာဏာသိမ်းမှု စတင် ဖြစ်ပေါ်ကတည်းက ပြည်သူ တွေ နဲ့ အတူ တစ်သားတည်း တစ်စိတ်တည်း ရပ်တည်ကာ CDM မှာလဲ ပါဝင် ခဲ့ပြီး လူထု ဆန္ဒ ထုတ်ဖော်ပွဲတွေမှာလဲ ပြည်သူတွေ နဲ့အတူ တစ်ရက်မှ မပြတ် တိုက်ပွဲ ဝင် နေခဲ့ တာပဲ ဖြစ် ပါတယ်။ ကို ပေါက် အပါအဝင် အနုပညာ ရှင် အချို့ CDM အရေး တက်ကြွ လှုပ်ရှားမှု ကြောင့် ပုဒ်မ ၅၀၅(က) နှင့် အမှုဖွင့် ခံခဲ့ရပါတယ်။ အခုလို အမှုဖွင့် ခံထားရပြီး နောက်ပိုင်းမှာတော့

တိမ်းရှောင် နေခဲ့ရပြီး သူရဲ့ သားလေးတွေကို လွမ်းကြောင်း ကဗျာ လေးတွေ၊ နိုင်ငံ့အရေးနဲ့ ပတ်သက် တဲ့ က‌ဗျာလေး တွေ ရေးစပ်ပြီး ဖော် ပြ လေ့ ရှိခဲ့ပါတယ်။ကနေ့မှာတော့ စစ်အာဏာရှင် တွေရဲ့ ဖိနှိပ် ချုပ်ချယ်ခြင်းကို မတရားစွာ ခံနေရတဲ့ သူချစ်တဲ့ ရန်ကုန် မြို့လေး ကို ထားမ သွားဘူး ဆိုတဲ့ အကြောင်းလေး ရေးသား လာခဲ့ ပါတယ်။“ဘယ့်တော့မှ ထားမသွားဘူးရန်ကုန်” “ငယ်ငယ်က ငါအရောက်ချင်ဆုံးမြို့၊ ရွှေတိ ဂုံ ကို ဖူးချင်လို့ ရောက်ချင်ခဲ့တဲ့မြို့၊ ငါကြိုက်တဲ့ ဓားလှီးရေခဲချောင်းတွေရှိတဲ့မြို့၊ အကောင်း စားကား တွေ အကောင် စား ဟိုတယ်တွေနဲ့ အ ကောင်းစား ရုပ်ရှင်ရုံတွေ ရှိလို့ ငါ ရောက်ချင်ခဲ့တဲ့မြို့။

ရွှေပုဇွန်ကိတ် နဲ့ ရှားမီးချိုချဉ် တွေကို ငါ့အဖေက ဝယ်လာပေး တဲ့မြို့။ အရွယ် ရောက် လာ တော့ ဘဝမျှော်လင့် ချက် အိပ်မက် တွေကို အ ကောင် အထည် ဖော်ရတဲ့မြို့၊ ‌မွေးရပ်ကိုစွန့်ခွါပြီး အောင်မြင်ခြင်း တွေ ခူးဆွပ် ဖို့ ချီတက်ရာ မျှော်လင့် ချက်တွေရှိတဲ့မြို့၊ ငါတို့ အထင် ကြီး တဲ့မြို့။ဒီမြို့မှာ ငါ့ဘဝ သုညက စ ခဲ့တယ်။ ဒီမြို့မှာ ငါ အိပ်မက်တွေအများကြီးမက်ခဲ့တယ်။ ဒီမြို့မှာလမ်းလျှောက်ရင်းဒီမြို့မှာလမ်းပျောက် ခဲ့ဖူးတယ်။ ဒီမြို့မှာ ချစ်သူ ခင်သူတွေရခဲ့သလို ဒီမြို့မှာ ငါ့နောက်ကျောကို လည်းဓားနဲ့ထို့း ခဲ့ကြတယ်။

ဒီမြို့က ငါ့ကိုပညာတွေ သင်ပေးပြီး အစာလည်း ကျွေးတယ်။ ဒီမြို့က ငါ့ကိုဆေးလိပ် ဖြတ်နည်း သင်ပေးသလို ဆေးစွဲအောင်လည်း လမ်းပြ တယ်။ ဒီမြို့မှာ ငါဟာ အကြိမ်ကြိမ် လဲကျပြီး အကြိမ်ကြိမ် ပြန်ထခဲ့ ရတယ်။အနှစ်ချုပ်ရရင် တော့ ဒီမြို့က ငါ့ကို ကွန်မန်ဒို ဖြစ် အောင် သင် ပေး ခဲ့တယ်။ ဒီမြို့ရဲ့ လေ့ကျင့် သင်ကြားပေးမှု တွေကြောင့် ငါဟာ အောင်မြင်ခြင်း အသီးအပွင့် တွေအများကြီး ဖူးပွင့်တဲ့ သစ်တစ်ပင်ဖြစ်ခဲ့ တယ်။

ငါ့သစ်ပင်မှာ ငှက်တစ်သောင်းမက နားခဲ့ကြတယ်။ ထမင်းအိုးပေါင်း များစွာကို ငါ တည်ပေးနိုင်ခဲ့တယ်။ ဒီမြို့ကြောင့် ငါဟာ ဘုရားဒါယိကာ ကျောင်းဒါယိကာ ဖြစ်ခွင့်ရတယ်။ ဒီမြို့ကြောင့် စတုဒီသာတွေ အများကြီး ငါ ကြွေးခဲ့ရတယ်။ ဒီမြို့မှာ ပန်းချီတွေဆွဲ ပြီး အလှု တွေ လုပ်နိုင်ခဲ့ တယ်၊ ဒီမြို့ ဟာ ငါ့မိတ်ဆွေ ဖြစ်တယ်။ ငါ့ သူငယ်ချင်း ဖြစ်တယ်။ ငါ့ချစ်သူဖြစ်တယ်။ဒီမြို့ဟာငါ့မိသားစုဖြစ်လို့ဒီမြို့ကိုငါကျေးဇူးတင်တယ်။

ငါ့ဇာတိ မဟုတ်ပေမယ့် ငါချစ်တဲ့မြို့ကို သူတို့ရက်စက်လိုက်ကြတယ်။ နင့်ကိုကျေးဇူးကန်းပြီး အခြေအနေ မကောင်းလို့အိမ်ပြန်ပြောင်းသွား ကြလည်း ဝမ်းမနည်းပါနဲ့ ရန်ကုန်။ နင်ပြန်လည်ရုန်းထ တဲ့အချိန် သူတို့ကပြန်လာကြအုံးမှာပါ။နင်က သဘောထား ကြီးကြီးနဲ့ ဆီး ကြိုနေအုံး မယ် ဆိုတာ ငါသိပါတယ်။ ရန်ကုန်ရေ ငါ့လိုပဲ နင့်ကိုချစ်ဆဲ ချစ်မြဲ ချစ်နေအုံးမယ့် ကျေးဇူး သိတတ်သူတွေ အများ ကြီး ကျ န်ပါ သေးတယ်၊ ရန်ကုန်ရေ နင်ဘယ်လောက်ပဲ အကျည်းတန် နေပါစေ

ငါဘယ်တော့မှ ထားမသွားဘူး။ အရေးတော်ပုံ အောင်ရမည်။” ဆိုပြီး ရေးဖွဲ့ လာခဲ့တာပဲ ဖြစ်ပါတယ်။ ကိုပေါက်ရဲ့ ရင်ထဲက ခံစားချက် တွေ ကို အတိုင်းသား မြင်ရသလို ဖြစ်တော့ ဖတ်မိရင်း ဝမ်းနည်းမိပါတယ်။ရန်ကုန်မြို့တော်ကြီး အမြန်ဆုံး ပြန်လည် ရုန်းထနိုင်မှာပါ။ ဖတ်ရှုအား ပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး သာယာသော နေ့ရက်များ ပိုင်ဆိုင် နိုင်ကြပါစေ လို့ ဆုမွန်ကောင်း တောင်းပေး လိုက် ရပါတယ်။

Source ; Aung Min Naing

Leave a Reply

Your email address will not be published. Required fields are marked *