ကိုချစ်မင်းသူ ရဲ့ ဇနီး ဖြစ်သူ အား ကိုယ်ဝန် နဲ့ ပတ်သက်ပြီးတာဝန်ယူစောင့်ရှောက်မှုတွေ အကုန် လုပ်ပေးမယ့် နီနီခင်ဇော်

Posted on

အခုဆိုလည်း မြန်မာနိုင်ငံ ရဲ့ နေရာဒေအနှံအပြားမှာ ပစ်ခတ်မှုတွေရှိ နေတာကြောင့်

သေဆုံးသူတွေ များပြားခဲ့ရာ ဒဏ်ရာ ရရှိသူတွေလည်း ရှိနေခဲ့ပါတယ်။

သေဆုံးသူတွေ ရဲ့ သတင်းတွေ တက်လာတိုင်း ပြည်သူအားလုံးက မိသားစုနဲ့ထပ်တူ

မျက်ရည်ကျကာ ကြေကွဲဝမ်းနည်း ခဲ့ကြတာ အမှန်ပါပဲနော်။

ကမ္ဘာတစ်ဝှမ်းကလည်း ဆိုးဝါးလွန်းတဲ့ ခု အခြေအနေတွေကို စိတ်ဝင်တစားစောင့်ကြည့်နေခဲ့ တာလည်းဖြစ်ပါတယ်။

အဲ့လို တော်လှန်ရေး မှာ ကျဆုံးသွားကြတဲ့ အာဇာနည်တွေ ကိုလည်း

အနုပညာရှင်တွေက ကိုယ်တိုင် သွားရောက်ကာ အလှူငွေများ သွားရောက်လှူဒါန်းရင်း

အားပေးနှစ်သိမ့်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလည်း နီနီခင်ဇော်က တော်လှန်ရေး မှာကြွေလွင့် သွားတဲ့ ကိုချစ်မင်းသူအားအလှူငွေများလှူဒါန်းရင်း

ဇနီးဖြစ်သူအား ကိုယ်ဝန်နဲ့ပတ်သက်ပြီး တာဝန်ယူကာအစအဆုံး စောင့်ရှောက်မှုတွေပြုလုပ်ပေးမယ်ဖြစ်ကြောင်း ခုလိုရေးသားဖော်ပြခဲ့ပါတယ်။

“မြောက်ဒဂုံက ကျဆုံးသွားတဲ့ ကိုချစ်မင်းသူရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်​ဆောင် ဇနီးနဲ့ သမီး​လေးအတွက်

တတ်နိုင်တဲ့ ဘက်ကသွား​​ရောက်ကူ​ပေးခဲ့ပါတယ်…. ကိုယ်ဝန်နဲ့ဆို​တော့ယခု

အချိန်က​နေစပြီး ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ ​စောင့်​ရှောက်မှု​တွေ (ဆီးစစ် ​သွေးစစ်တာ​နေစ လိုအပ်​သော​အစစအရာရာ)

​မွေးဖွားပြီးသည်အထိ နီနီတို့ သူငယ်ချင်း မတည် ထားတဲ့ ဆန္ဒမွန်အခမဲ့ ကုသိုလ်ဖြစ်သားဖွား​ဆေးခန်းက​နေ တာဝန်ယူ​ပေးသွားပါမယ်

ဆိုတဲ့အ​​​ကြောင်းလည်းအား​ပေးရင်း ညီမ​အားတင်းထားဖို့​ပြောခွင့်ရခဲ့ပါတယ်ကိုချစ်မင်းသူတာဝန်​ကျေခဲ့သလို

ကျမတို့ပြည်သူ​တွေလည်း အချင်းချင်းပြန်ကူညီကြတာမြင်ရလို့ကျမတို့အား​တွေထပ်ဖြစ်ရပါတယ်လိုက်ခဲ့ပေးတဲ့

Ninians ကိုယ်စားပြု Aye Thiri Khine Julian ​ကျေးဇူး တင်ပါတယ်”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *