ကိုချစ်မင်းသူ ရဲ့ ဇနီးဖြစ်သူထံ သွားရောက် တွေ့ဆုံကာ ကိုယ်ဝန် နဲ့ ပတ်သတ် တဲ့ စောင့်ရှောက်မှု တွေ ဆောင်ရွက်ပေး ခဲ့တဲ့ နီနီခင်ဇော်

Posted on

အဆိုတော် နီနီခင်ဇော်ကတော့ ဝါသနာပါရာ ဂီတ လှုပ်ရှားမှု တွေ လုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုများမှာလည်း ကျရာ အခန်းကဏ္ဍကနေ ပါဝင်ကူညီ အားဖြည့် ပေးနေတာလည်း ဖြစ်ပါတယ်။ သူမ တတ်မြောက်ထားတဲ့ ဆေးပညာရပ်တွေ နဲ့လည်း ဆေးရုံတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ပြည်သူများအတွက် ပရဟိတဆေးခန်းတွင် ဆေးကုသပေးနေသူပါ။

ရဲရင့်ပြတ်သားပြီး အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေ ဘက်ကနေ တစ်သွေးတည်း တစ်သားတည်း ရပ်တည်ပေးနေတာကြောင့်လည်း ပရိသတ်တွေက လေးစားအားကျနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ကလည်း နီနီရဲ့လူမှုကွန်ယက် စာမျက်နှာတွင် လူထုလှုပ်ရှားမှုမှာ ပါဝင်ရင်း ကွယ်လွန်သွားပြီဖြစ်တဲ့ သူရဲကောင်း ကိုချစ်မင်းသူရဲ့ နေအိမ်သို့ သွားရောက်ခဲ့တဲ့ အကြောင်းအား ရေးသားဝေမျှထားတာပဲ ဖြစ်ပါတယ်။

မြောက်ဒဂုံတွင် ကျဆုံးသွားတဲ့ ကိုချစ်မင်းသူ ရဲ့ ကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန် ဆောင် ဇနီးနဲ့ သမီးလေးအတွက် တတ်နိုင်သလောက် သွားရောက် ကူပေးခဲ့ပြီး ကိုယ်ဝန်နဲ့ ပတ်သတ်တဲ့ စောင့်ရှောက်မှုတွေ ဖြစ်တဲ့ ဆီးစစ်၊သွေးစစ်တာက နေစပြီး လိုအပ်တဲ့ အရာမှန်သမျှကို ကူညီဆောင်ရွက်ပေးခဲ့တာပါ။ ဒါ့အပြင် မွေးဖွားပြီးသည်အထိ သူမ ရဲ့သူငယ်ချင်း မတည်ထားတဲ့ ကုသိုလ်ဖြစ် သားဖွား ဆေးခန်းကနေ တာဝန်ယူသွားပေးမယ့် အကြောင်းအားကျန်ရစ်ခဲ့တဲ့ ကိုယ်ဝန်ဆောင် ညီမလေးထံ စိတ်ဓာတ်မကျစေဖို့ အားပေးစကားတွေ သွားပြောခဲ့ကြတာပါ။ ကိုချစ်မင်းသူ တာဝန်ကျေခဲ့သလို ပြည်သူတွေ အချင်းချင်း ပြန်ကူညီကြတာ မြင်ရတဲ့အတွက်လည်း အားတွေ ဖြစ်ခဲ့ရတယ်လို့ သူမရဲ့ လူမှုကွန်ယက်တွင် ဝေမျှထားတာကြောင့် ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူ တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-Ni Ni Khin Zaw’s Facebook Account

zawgyi

အဆိုေတာ္ နီနီခင္ေဇာ္ကေတာ့ ဝါသနာပါရာ ဂီတ လႈပ္ရွားမႈ ေတြ လုပ္ေဆာင္ရင္း ပရိသတ္ေတြရဲ႕ တစ္ခဲနက္ အားေပးမႈေတြကို သိမ္းပိုက္ရရွိထားသူ တစ္ဦးပဲ ျဖစ္ပါတယ္။ လက္ရွိ ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈမ်ားမွာလည္း က်ရာ အခန္းက႑ကေန ပါဝင္ကူညီ အားျဖည့္ ေပးေနတာလည္း ျဖစ္ပါတယ္။ သူမ တတ္ေျမာက္ထားတဲ့ ေဆးပညာရပ္ေတြ နဲ႔လည္း ေဆး႐ုံတက္ဖို႔ အခက္အခဲျဖစ္ေနတဲ့ ျပည္သူမ်ားအတြက္ ပရဟိတေဆးခန္းတြင္ ေဆးကုသေပးေနသူပါ။

ရဲရင့္ျပတ္သားၿပီး အေရးႀကဳံတဲ့အခါတိုင္း ျပည္သူေတြ ဘက္ကေန တစ္ေသြးတည္း တစ္သားတည္း ရပ္တည္ေပးေနတာေၾကာင့္လည္း ပရိသတ္ေတြက ေလးစားအားက်ေနၾကတာလည္း ျဖစ္ပါတယ္။ မေန႔ကလည္း နီနီရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာတြင္ လူထုလႈပ္ရွားမႈမွာ ပါဝင္ရင္း ကြယ္လြန္သြားၿပီျဖစ္တဲ့ သူရဲေကာင္း ကိုခ်စ္မင္းသူရဲ႕ ေနအိမ္သို႔ သြားေရာက္ခဲ့တဲ့ အေၾကာင္းအား ေရးသားေဝမွ်ထားတာပဲ ျဖစ္ပါတယ္။

ေျမာက္ဒဂုံတြင္ က်ဆုံးသြားတဲ့ ကိုခ်စ္မင္းသူ ရဲ႕ က်န္ရစ္ခဲ့တဲ့ ကိုယ္ဝန္ ေဆာင္ ဇနီးနဲ႔ သမီးေလးအတြက္ တတ္ႏိုင္သေလာက္ သြားေရာက္ ကူေပးခဲ့ၿပီး ကိုယ္ဝန္နဲ႔ ပတ္သတ္တဲ့ ေစာင့္ေရွာက္မႈေတြ ျဖစ္တဲ့ ဆီးစစ္၊ေသြးစစ္တာက ေနစၿပီး လိုအပ္တဲ့ အရာမွန္သမွ်ကို ကူညီေဆာင္႐ြက္ေပးခဲ့တာပါ။ ဒါ့အျပင္ ေမြးဖြားၿပီးသည္အထိ သူမ ရဲ႕သူငယ္ခ်င္း မတည္ထားတဲ့ ကုသိုလ္ျဖစ္ သားဖြား ေဆးခန္းကေန တာဝန္ယူသြားေပးမယ့္ အေၾကာင္းအားက်န္ရစ္ခဲ့တဲ့ ကိုယ္ဝန္ေဆာင္ ညီမေလးထံ စိတ္ဓာတ္မက်ေစဖို႔ အားေပးစကားေတြ သြားေျပာခဲ့ၾကတာပါ။ ကိုခ်စ္မင္းသူ တာဝန္ေက်ခဲ့သလို ျပည္သူေတြ အခ်င္းခ်င္း ျပန္ကူညီၾကတာ ျမင္ရတဲ့အတြက္လည္း အားေတြ ျဖစ္ခဲ့ရတယ္လို႔ သူမရဲ႕ လူမႈကြန္ယက္တြင္ ေဝမွ်ထားတာေၾကာင့္ ပရိသတ္ေတြအတြက္ တစ္ဆင့္ျပန္လည္ကူးယူ တင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။

Source and Photo Crd-Ni Ni Khin Zaw’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *