ကာကွယ်ဆေးအတွက် သတင်းကောင်း အမေစုပြောပြီ

Posted on

လာမယ့် ဖေဖော်ဝါရီလအတွင်း ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ပထမဆုံးအနေနဲ့ ထိုးနှံပေးသွားမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။

ဒီနေ့ ဇန်နဝါရီလ (၁) ရက်နေ့ မနက်ပိုင်းက ပြောကြားခဲ့တဲ့ နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်မိန့်ခွန်းမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောခဲ့တာပါ။

၂၀၂၁ ခုနှစ် တစ်နှစ်လုံး ကာကွယ်ဆေးထိုးပေးရမယ့် လုပ်ငန်းတွေကိုလည်း တစ်နိုင်ငံလုံးမှာ အဆင့်အလိုက် အကောင်အထည်ဖော်သွားမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံက ပြောပါတယ်။

အခုအချိန်မှာတော့ ပထမဆုံးကာကွယ်ဆေးတစ်သုတ်ရရှိဖို့ အိန္ဒိယနိုင်ငံနဲ့ စာချုပ်ချုပ်ဆိုထားပြီး ကာကွယ်ဆေးသုံးခွင့်အတွက် အိန္ဒိယနိုင်ငံ FDA ရဲ့ ခွင့်ပြုချက်ရတာနဲ့ မြန်မာနိုင်ငံအတွင်းကို တင်သွင်းသွားမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့ ကာကွယ်ဆေး မထိုးရသေးခင်အချိန်အတွင်း ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကိုဗစ်အောင်နိုင်ရေးအတွက် ပံပိုးပေးဖို့လည်း နိုင်ငံတော်အတိုင်ပင်ခံက မေတ္တာရပ်ခံခဲ့ပါတယ်။

ဒီဇင်ဘာလ (၃၁) ရက်နေ့ ညပိုင်းအထိတော့ မြန်မာနိုင်ငံမှာ ကိုဗစ်လူနာ (၁၂၄,၆၃၀) ယောက်ရှိနေပြီး အဲဒီထဲမှာ ပြန်ကောင်းမွန်သူ (၁၀၇,၀၆၉) ယောက်နဲ့ သေဆုံးသူကတော့ (၂,၆၈၂) ယောက်ရှိနေပါတယ်။

zawgyi

လာမယ့္ ေဖေဖာ္ဝါရီလအတြင္း က်န္းမာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆး ပထမဆုံးအေနနဲ႔ ထိုးႏွံေပးသြားမယ္လို႔ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာလိုက္ပါတယ္။

ဒီေန႔ ဇန္နဝါရီလ (၁) ရက္ေန႔ မနက္ပိုင္းက ေျပာၾကားခဲ့တဲ့ ႏိုင္ငံတကာႏွစ္သစ္ကူး အထိမ္းအမွတ္မိန႔္ခြန္းမွာ ႏိုင္ငံေတာ္ရဲ႕အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အခုလိုေျပာခဲ့တာပါ။

၂၀၂၁ ခုႏွစ္ တစ္ႏွစ္လုံး ကာကြယ္ေဆးထိုးေပးရမယ့္ လုပ္ငန္းေတြကိုလည္း တစ္ႏိုင္ငံလုံးမွာ အဆင့္အလိုက္ အေကာင္အထည္ေဖာ္သြားမယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံက ေျပာပါတယ္။

အခုအခ်ိန္မွာေတာ့ ပထမဆုံးကာကြယ္ေဆးတစ္သုတ္ရရွိဖို႔ အိႏၵိယႏိုင္ငံနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး ကာကြယ္ေဆးသုံးခြင့္အတြက္ အိႏၵိယႏိုင္ငံ FDA ရဲ႕ ခြင့္ျပဳခ်က္ရတာနဲ႔ ျမန္မာႏိုင္ငံအတြင္းကို တင္သြင္းသြားမယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ျပည္သူေတြအေနနဲ႔ ကာကြယ္ေဆး မထိုးရေသးခင္အခ်ိန္အတြင္း က်န္းမာေရး စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာၿပီး ကိုဗစ္ေအာင္ႏိုင္ေရးအတြက္ ပံပိုးေပးဖို႔လည္း ႏိုင္ငံေတာ္အတိုင္ပင္ခံက ေမတၱာရပ္ခံခဲ့ပါတယ္။

ဒီဇင္ဘာလ (၃၁) ရက္ေန႔ ညပိုင္းအထိေတာ့ ျမန္မာႏိုင္ငံမွာ ကိုဗစ္လူနာ (၁၂၄,၆၃၀) ေယာက္ရွိေနၿပီး အဲဒီထဲမွာ ျပန္ေကာင္းမြန္သူ (၁၀၇,၀၆၉) ေယာက္နဲ႔ ေသဆုံးသူကေတာ့ (၂,၆၈၂) ေယာက္ရွိေနပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *