ကလေး မွေးထားတာ တစ်ပတ် ပဲ ရှိပြီး စားဖို့ဆန် တောင် မရှိတော့လို့ ခက်ခဲနေတဲ့ မိခင်တစ်ဦး အတွက် ငွေကြေးလှူဒါန်းပေးခဲ့တဲ့ စူးရှထက်

Posted on

စူးရှထက်ကတော့ ခုလတ်တလော မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့အထိ ပြည်သူလူထုနဲ့အတူရပ်တည်ကာ လမ်းပေါ်ထွက် လှုပ်ရှားမှုတွေကို အားတတ်သရော ပြုလုပ်ခဲ့သူတစ်ယောက်ပါ။ဒါ့အပြင် အစားအသောက်များကို ကိုယ်တိုင် ချက်ပြုတ်ကာ လှုပ်ရှားမှု ပြုလုပ်နေတဲ့ ပြည်သူတွေအပြင် ညကင်းစောင့်တဲ့ သူရဲကောင်းတွေကိုလည်း လိုက်ဝေငှလှူဒါန်းရင်း ရရာနေရာကနေ တတ်နိုင်သလောက် ကူညီ အားဖြည့်ခဲ့တာဖြစ်ပါတယ်။

ခုလို အရာရာ ခက်ခဲလွန်းတဲ့ တော်လှန်ရေး ကာလကြီး မှာလည်း စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေကို သူမရဲ့ ချွေးနည်းစာလေးနဲ့ လိုအပ်တာမှန်သမျှကို တတ်နိုင်သလောက် ထောက်ပံ့ဝေမျှပေးခဲ့တာကြောင့် အားလုံးက လေးစား ချစ်ခင်နေရတာပါ ။ သူကိုယ်တို င်လည်း ချွေတာကာ အင်တိုက် အားတိုက် လှူဒါန်းခဲ့ပြီး ကိုယ်ကျိူးမကြည့်ဘဲ လုပ်ဆောင်နေသူ တစ်ယောက်လည်းဖြစ်ပါတယ် ။

မကြာခင်နာရီပိုင်းလောက်ကလည်း သူမရဲ့ ပို့စ်အောက်မှာ လာရောက် အကူအညီတောင်းခံထားတဲ့ ကလေးမိခင်တစ်ဦးကို တတ်နိုင်သလောက် အလှူငွေ (၅၀၀၀၀) လှူဒါန်းဖြစ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။ အလှူခံသူမှာ ဆင်းရဲချို့တဲ့ ပြီး အစားလည်း ပုံမှန်မစားနိုင်လို့ နို့မထွက်တာကြောင့် ကလေးဖြစ်သူကို နို့မှုန့်လေး ဝယ်ပေးချင် လို့ အလှူခံရခြင်းဖြစ်ကြောင်း စူးရှထက်ရဲ့ ပို့စ်လေးမှာ ရေးသားခဲ့တာတွေ့ရပါတယ် ။ စူးရှထက်ရဲ့ စိတ်ထားလေးကို လေးစားမိတာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit : Zar Chi Facebook Page

zawgyi

စူးရွထက္ကေတာ့ ခုလတ္တေလာ မွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလထဲကေန ဒီေန႔အထိ ျပည္သူလူထုနဲ႔အတူရပ္တည္ကာ လမ္းေပၚထြက္ လႈပ္ရွားမႈေတြကို အားတတ္သေရာ ျပဳလုပ္ခဲ့သူတစ္ေယာက္ပါ။ဒါ့အျပင္ အစားအေသာက္မ်ားကို ကိုယ္တိုင္ ခ်က္ျပဳတ္ကာ လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ ျပည္သူေတြအျပင္ ညကင္းေစာင့္တဲ့ သူရဲေကာင္းေတြကိုလည္း လိုက္ေဝငွလႉဒါန္းရင္း ရရာေနရာကေန တတ္ႏိုင္သေလာက္ ကူညီ အားျဖည့္ခဲ့တာျဖစ္ပါတယ္။

ခုလို အရာရာ ခက္ခဲလြန္းတဲ့ ေတာ္လွန္ေရး ကာလႀကီး မွာလည္း စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြကို သူမရဲ႕ ေခြၽးနည္းစာေလးနဲ႔ လိုအပ္တာမွန္သမွ်ကို တတ္ႏိုင္သေလာက္ ေထာက္ပံ့ေဝမွ်ေပးခဲ့တာေၾကာင့္ အားလုံးက ေလးစား ခ်စ္ခင္ေနရတာပါ ။ သူကိုယ္တို င္လည္း ေခြၽတာကာ အင္တိုက္ အားတိုက္ လႉဒါန္းခဲ့ၿပီး ကိုယ္က်ိဴးမၾကည့္ဘဲ လုပ္ေဆာင္ေနသူ တစ္ေယာက္လည္းျဖစ္ပါတယ္ ။

မၾကာခင္နာရီပိုင္းေလာက္ကလည္း သူမရဲ႕ ပို႔စ္ေအာက္မွာ လာေရာက္ အကူအညီေတာင္းခံထားတဲ့ ကေလးမိခင္တစ္ဦးကို တတ္ႏိုင္သေလာက္ အလႉေငြ (၅၀၀၀၀) လႉဒါန္းျဖစ္ခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ အလႉခံသူမွာ ဆင္းရဲခ်ိဳ႕တဲ့ ၿပီး အစားလည္း ပုံမွန္မစားႏိုင္လို႔ ႏို႔မထြက္တာေၾကာင့္ ကေလးျဖစ္သူကို ႏို႔မႈန႔္ေလး ဝယ္ေပးခ်င္ လို႔ အလႉခံရျခင္းျဖစ္ေၾကာင္း စူးရွထက္ရဲ႕ ပို႔စ္ေလးမွာ ေရးသားခဲ့တာေတြ႕ရပါတယ္ ။ စူးရွထက္ရဲ႕ စိတ္ထားေလးကို ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source & Photo Credit : Zar Chi Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *