ကလေး ငိုသံကြားရင် သေနတ် နဲ့ လိုက်ပစ် မှာ စိုးလို့ ဘာမီတွန် နေ့တိုင်း တိုက်ပြီး ပုန်းနေရ တဲ့ စစ်ဘေးရှောင် ပြည်သူများ

Posted on

လတ်တလောမှာ ဆိုရင် ကရင်ပြည်နယ်နဲ့ကချင်ပြည်နယ်မှာနေထိုင်ကြတဲ့ တချို့ပြည်သူ တွေ ဆိုရင် မိမိတို့ရဲ့ နေအိမ်ကိုစွန့်ခွါပြီး တောထောင်ထဲမှာ ပုန်းနေရတာဖြစ်ပါတယ်။မိမိတို့ရဲ့ရွာမှာ စစ်ဘေးနဲ့ရင်ဆိုင်နေရတာကြောင့် အသက်အန္တရာယ်လွတ်မြောက်ဖို့အတွက် လူမမယ်ကလေးလေးတွေကို ပါလက်ဆွဲပြီး တိမ်းရှောင်နေရတာဖြစ်ပါတယ်။ ပြည်သူလူထုကလည်း စစ်ဘေးရှောင်တွေကို ကိုယ်ချင်းစာနာတာကြောင့် မိမိတို့ရဲ့ အခက်အခဲကိုဘေးချိတ်ပြီးတတ်နိုင်သလောက်ဝိုင်းဝန်း ကူညီပေးနေကြတာဖြစ်ပါတယ်။

တောထဲပြေးပုန်းနေရတဲ့ စစ်ဘေးရှောင်တွေခမျာ ကလေးငိုသံကြားရင် သေနတ်နဲ့ လိုက်ပစ်မှာစိုးလို့ မိမိတို့ရဲ့ရင်သွေးလေးတွေကို ဘာမီတွန်နေ့တိုင်းတိုက်ပြီး သုံးလလောက် ပုန်းလိုက်၊ပြေးလိုက် လုပ်နေရတာဖြစ်ပါတယ်။ကလေးငယ်တွေက နောက်ပိုင်းမှာ ဆေးအရှိန် ကြောင့် ဖျော့တော့သေးငယ်ပြီး မလှုပ်မယှက်ဖြစ်နေရရှာတာဖြစ်ပါတယ်။ ပြေးနေရင်းလည်း မလွတ်မြောက်နိုင်တော့တွေ့ရာလျှိုထဲဝင်ပုန်းပြီး အသံကြားရင်မိမှာစိုးလို့ သုံးလသားသမီး​လေးရဲ့ပါးစပ်နဲ့နှာခေါင်းကို အဝတ်နဲ့ဖိထားမိတာဖြစ်ပါတယ်။

ကလေးငယ်လေးခမျာ ပါးစပ်နဲ့နှာခေါင်းကို အဝတ်နဲ့ဖိထားတဲ့ဒဏ်ကြောင့် အသက်ရှု မဝတော့ဘဲ သေဆုံးသွားခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေကို ကချင်ပြည်နယ်နဲ့ကရင်ပြည်နယ်က မိခင်နှစ်ဦးကရင်ဖွင့်ပြောပြထားတာဖြစ်ပါတယ်။ မြန်မာပြည်သူ၊ပြည်သားတွေခမျာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲမျိုးစုံကို စိတ်ဓာတ်ကြံကြံခိုင်ခိုင်နဲ့ ဖြေရှင်းနေကြတာဖြစ်ပါတယ်။စစ်ဘေးရှောင်ပြည်သူတွေကို ကူညီချင်တယ်ဆိုရင်လည်း Angels Foundation Page မှာ မေးမြန်းပြီးလှူဒါန်းလို့ရကြောင်း ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Angels Foundation Page

Leave a Reply

Your email address will not be published. Required fields are marked *