ကလေးမြို့လေး အတွက် နောက်ဆုံး အချိန် အထိ တာဝန် ကျေပွန်ပေး ခဲ့ လို့ ပြည်သူတွေ ရဲ့ အလေးပြု နှုတ် ဆ က် ခြင်း ခံခဲ့ရတဲ့ သူရဲကောင်း တစ်ယောက်

Posted on

အခုချိန်မှာတော့ ပြည်သူတွေက သူတို့ရဲ့ရင်တွင်းဆန္ဒတွေကို နည်းလမ်း မျိုးစုံနဲ့ ဖော်ထုတ်ပြသနေကြတာ ဖြစ်ပါတယ် ။ လူထုလှုပ်ရှားမှုပြု လုပ်ရင်းနဲ့ အသက်ဆုံးရှုံးသွားတဲ့သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် ပြည်သူတွေက တစ်ဦးကို တစ်ဦး ကူညီ ကာကွယ်ပေးနေကြတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဧပြီလ (၇)ရက်နေ့ကလည်း ကလေးမြို့၊ တာဟန်း ရပ်ကွက်မှာ လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ပြည်သူ တစ်ချို့ အသက်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ် ။

ကျဆုံးသွားတဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနိုင်လင်းဦးကလည်း ကလေးမြို့အတွက် တာဝန် ကျေပွန်ခဲ့သူ ဖြစ်ပါတယ် ။ ကိုနိုင် လင်းဦးက ကိုယ့်မြို့လေးမှာရှိတဲ့ ပြည်သူတွေကိုကာကွယ်ဖို့အတွက် အသက်နဲ့ရင်းကာ ပါဝင်လှုပ်ရှား ခဲ့ပေမယ့်လည်း စောစီးစွာ ကြွေလွင့် သွား ခဲ့ရတာ ဖြစ်ပါတယ် ။ တစ်ဦးတည်းသော သားလေးဖြစ်တဲ့ ကိုနိုင်လင်းဦးရဲ့နာရေးသတင်း ကတော့ ပြည်သူတွေကိုပါ ဝမ်းနည်းကြေကွဲ စေခဲ့တာ ဖြစ်ပါတယ် ။

သူရဲကောင်းလေး ကိုနိုင်လင်းဦးရဲ့စျာပနပွဲ ကို တက်ရောက်ခဲ့တဲ့ ပြည်သူ တစ်ဦးကတော့ သူ့အတွက် အရမ်းစိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါ တယ် ။ ဒါကြောင့် “လူမသိသူမသိ အာဇာနည်လေးရဲ့နောက်ဆုံးခရီး လိုက်ပါနှုတ်ဆက်ပို့ဆောင်သူ နည်းပါးမှာကို မသိနိုင်ရှာတော့တဲ့ ညီ လေး နိုင်လင်းဦး အတွက် မျက်နှာ ပူနေမိပါတယ်။ ” ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း ကိုနိုင်လင်းဦးရဲ့နောက်ဆုံးခရီးမှာ သူတို့ ရွာက ရွာသူရွာသားတွေသာမက တစ်ခြားနေရာက ပြည်သူတွေကပါ ရောက်လာပြီး အလေးပြုနှုတ်ဆက် ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

Source & Photo Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *