ကယားပြည်မှာ အကူအညီလိုအပ်နေ တဲ့ သွေးချင်းမောင်နှမတွေ အတွက် အသုံးအဆောင်ပစ္စည်းတွေ နဲ့အတူ အလှူငွေ(၁၁)သိန်းလှူဒါန်းခဲ့တဲ့ ရေဗက္ကာ၀င်း

Posted on

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေ အရပ်ရပ်ကြောင့် အနုပညာရှင် တစ်ချို့လည်း ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ ကူညီလှူဒါန်းမှုတွေကို တတ်နိုင်သရွေ့ပြုလုပ်နေကြတာဖြစ်ပါတယ်။ အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရေဗက္ကာ၀င်းတစ်ယောက်လည်း အပါအ၀င်ပဲဖြစ်ပါတယ်။ ရေဗက္ကာ၀င်းက ဖေဖော်ဝါရီလအစပိုင်းတည်းက စတင်ကာ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေအပါအ၀င် အလှူငွေတွေနဲ့အ၀တ်အထည်တွေပါလှူဒါန်းပေးနေတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ရေဗက္ကာ၀င်းက “ကယားပြည်နယ်က စစ်ဘေးသင့် ပြည်သူတွေကို တတ်နိုင်သရွေ့လှူဒါန်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “ငွေတောင်ပြည်မှ လိုအပ်နေတဲ့သွေးချင်းများအတွက် အစားအသောက် အဝတ်အထည် အသုံးအဆောင်ပစ္စည်း၉ထု ပ်နဲ့ အလှူငွေ ၁၁သိန်းကို စေတနာရှင်များ စုပေါင်းလှူဒါန်းခဲ့ကြပါတယ် 💜နယ်ပြန်ဖို့ လမ်းစရိတ်အခက်အခဲဖြစ်နေတဲ့ ညီမလေးကိုလဲ လမ်းစရိတ်လှူဒါန်းခဲ့ပြီး မီးဖွါးဖို့ လိုအပ်နေတဲ့ ညီမလေးကိုလဲ မီးဖွားစရိတ်လှူဒါန်းခဲ့ပါတယ် …..။

“ပြုခဲ့သမျှ ကောင်းမှုအစုစုတို့ကို ၇ရက်သားသမီး ရရှိနိုင်စေဖို့ ဆုတောင်း ပါတယ်ရှင် 🙏🙏🙏ဒီမောဆိုသွားခဲ့တဲ့ပုံလေးတွေလဲ အမှတ်တရအဖြစ် ပြန်တင်လိုက်ပါတယ်….” ဆိုပြီးရေးသားမျှဝေထားခဲ့ပါတယ်။ ကယားပြည်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲအပြင်းအထန်ဖြစ်ပေါ်ခဲ့ပြီး ပြည်သူအတော်များများလည်း စစ်ဘေးရှောင်နေရကာ စားနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံတွေ့နေကြရတာဖြစ်ပါတယ်။ အခုလိုဆင်းရဲဒုက္ခရောက်နေကြတဲ့ပြည်သူတွေအတွက် ကူညီလှူဒါန်းပေးခဲ့တဲ့ ရေဗက္ကာ၀င်းရဲ့အလှူဒါနလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-​ Rebecca Win’s Facebook acc

zawgyi

ျမန္မာႏိုင္ငံရဲ႕ျဖစ္ေပၚေနတဲ့ အေျခအေန အရပ္ရပ္ေၾကာင့္ အႏုပညာရွင္ တစ္ခ်ိဳ႕လည္း ျပည္သူေတြနဲ႔အတူတစ္သားတည္းရပ္တည္ကာ ကူညီလႉဒါန္းမႈေတြကို တတ္ႏိုင္သေ႐ြ႕ျပဳလုပ္ေနၾကတာျဖစ္ပါတယ္။ အခုလိုတက္ႂကြစြာနဲ႔ လူထုလႈပ္ရွားမႈေတြကို လုပ္ေဆာင္ေနၾကတဲ့ အႏုပညာရွင္ေတြထဲမွာဆိုရင္ ေရဗကၠာ၀င္းတစ္ေယာက္လည္း အပါအ၀င္ပဲျဖစ္ပါတယ္။ ေရဗကၠာ၀င္းက ေဖေဖာ္ဝါရီလအစပိုင္းတည္းက စတင္ကာ ျပည္သူေတြကို အေျခခံစားေသာက္ကုန္ေတြအပါအ၀င္ အလႉေငြေတြနဲ႔အ၀တ္အထည္ေတြပါလႉဒါန္းေပးေနတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ေရဗကၠာ၀င္းက “ကယားျပည္နယ္က စစ္ေဘးသင့္ ျပည္သူေတြကို တတ္ႏိုင္သေ႐ြ႕လႉဒါန္းမႈေတြျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေလးကိုလည္း သူမရဲ႕ Facebookစာမ်က္ႏွာမွာ “ေငြေတာင္ျပည္မွ လိုအပ္ေနတဲ့ေသြးခ်င္းမ်ားအတြက္ အစားအေသာက္ အဝတ္အထည္ အသုံးအေဆာင္ပစၥည္း၉ထု ပ္နဲ႔ အလႉေငြ ၁၁သိန္းကို ေစတနာရွင္မ်ား စုေပါင္းလႉဒါန္းခဲ့ၾကပါတယ္ 💜နယ္ျပန္ဖို႔ လမ္းစရိတ္အခက္အခဲျဖစ္ေနတဲ့ ညီမေလးကိုလဲ လမ္းစရိတ္လႉဒါန္းခဲ့ၿပီး မီးဖြါးဖို႔ လိုအပ္ေနတဲ့ ညီမေလးကိုလဲ မီးဖြားစရိတ္လႉဒါန္းခဲ့ပါတယ္ …..။

“ျပဳခဲ့သမွ် ေကာင္းမႈအစုစုတို႔ကို ၇ရက္သားသမီး ရရွိႏိုင္ေစဖို႔ ဆုေတာင္း ပါတယ္ရွင္ 🙏🙏🙏ဒီေမာဆိုသြားခဲ့တဲ့ပုံေလးေတြလဲ အမွတ္တရအျဖစ္ ျပန္တင္လိုက္ပါတယ္….” ဆိုၿပီးေရးသားမွ်ေဝထားခဲ့ပါတယ္။ ကယားျပည္မွာ ျပည္သူ႔ကာကြယ္ေရးတပ္ေတြနဲ႔ စစ္ေကာင္စီတပ္ေတြ တိုက္ပြဲအျပင္းအထန္ျဖစ္ေပၚခဲ့ၿပီး ျပည္သူအေတာ္မ်ားမ်ားလည္း စစ္ေဘးေရွာင္ေနရကာ စားနပ္ရိကၡာျပတ္လပ္မႈေတြနဲ႔ႀကဳံေတြ႕ေနၾကရတာျဖစ္ပါတယ္။ အခုလိုဆင္းရဲဒုကၡေရာက္ေနၾကတဲ့ျပည္သူေတြအတြက္ ကူညီလႉဒါန္းေပးခဲ့တဲ့ ေရဗကၠာ၀င္းရဲ႕အလႉဒါနေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Photo credit-​ Rebecca Win’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *