ကမ္ဘာ့ အလှမယ်တွေ ကြားမှာ လူစိတ်ဝင်စားမှု ခံနေရတဲ့ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် သူဇာဝင့်လွင် ရဲ့ ကြည့်မဝနိုင်တဲ့ အလှတရား

Posted on

မြန်မာပြည်ကိုယ်စားပြုအလှမယ်အဖြစ်နဲ့ အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ မှာ Miss Universe 2021 ပွဲကို သွားရောက်ယှဉ်ပြိုင်နေတဲ့ သူဇာဝင့်လွင်ဟာ လှပရုံသာမက အရည်အချင်းလည်းရှိတဲ့ မိန်းကလေး တစ်ယောက်ပါ။ အမဖြစ်သူ May ဟာလည်း ညီမလေး အတွက် အကောင်းဆုံး support ပေးနေခဲ့ပြီး အခက်အခဲ တွေကြားက ယှဉ်ပြိုင်ရတဲ့ Candy ကိုလည်း ပရိသတ်တွေက စိတ်ဓာတ်မကျဖို့အားပေးစကား ပြောခဲ့ပါတယ်။ ပြိုင်ပွဲမှာဝတ်ဆင်ရမယ့်ဝတ်စုံတွေပါတဲ့ အိတ်ဟာလည်း ယနေ့ထက်ထိ ပြန်ရှာမတွေ့သေး ပါဘူး။ ကူညီသူတွေကလည်း သိသလောက်နဲ့ အကုန်လိုက်ပြီး ကူညီပေးနေပါတယ်။

Miss တစ်ယောက်မှာရှိသင့်တဲ့အလှတရားအပြင် အရည်အချင်း လည်း အပြည့်အဝရှိနေပြီး မြန်မာအမျိုးသမီးတွေအတွက် ဗဟုသုတရစေမယ့်အကြောင်းအရာတွေကိုလည်း မျှဝေပေးတတ်ပါသေး တယ်။ နွေဦးတော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ခဲ့တဲ့ Candy ဟာ လက်ရှိ အချိန်ထိလည်း မြန်မာ့အရေးကို Speak Out လုပ်နေဆဲပါပဲ။ ပြည်သူနဲ့တစ်သားတည်း ရပ်တည်တဲ့ Miss Universe Myanmar ကို ပြည်သူတွေကလည်း တန်ပြန်မေတ္တာတွေနဲ့ ချစ်ခင်အားပေးခဲ့ပါတယ်။

ကမ္ဘာ့အလှမယ်တွေကိုနှစ်စဉ်ခန့်မှန်းပေးနေတဲ့ Siera Bearchell ရဲ့ အကြိုခန့်မှန်းမှု Top 21 list မှာ မြန်မာ့အလှမယ် သူဇာဝင့်လွင်ဟာ နံပါတ် (၁၉) နေရာကနေ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ဒီနေ့မှာလည်း ဓာတ်ပုံဆရာအောင်ရဲလင်းက Candy ကို ရိုက်ပေး ထားတဲ့ ရင်ခုန်ချင်စရာ ပုံရိပ်တွေကို သူ့ရဲ့လူမှုကွန်ရက် မှာ ဝေမျှခဲ့ပါတယ်။ အဖြူနဲ့ အမဲ နှစ်မျိုးဝတ်ဆင်ထားပြီး ပုံရိပ်တိုင်းမှာ အသက်ပါနေတဲ့ Candy ရဲ့အကြည့် တွေကတော့ တကယ်ကိုကြွေချင်စရာပါ။ ပရိသတ်ကြီး လည်း မြန်မာကိုယ်စားပြုအလှမယ် သူဇာဝင့်လွင်ကို အားပေးဖို့ တိုက်တွန်းပါရစေ။

Photo Credit – Aung Ye Lin’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *