ကမ္ဘာ့ အလှဆုံး ကာယ အလှမယ် ရုရှား သူလေး ဂျူလီယာဗင်စ်

Posted on

အမျိုးသမီး တစ်ဦးရဲ့ အလှအပကို မျက်နှာ ကနေ စတင် အကဲခတ်လေ့ ရှိပါတယ်။ ဒီလိုဆိုရင် ရုရှားနိုင်ငံက အသက် (၂၂) နှစ် အရွယ်ကောင်မလေး ဂျူလီယာဗင်စ်ကို အချောဆုံးသူလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဂျူလီယာဗင်စ်ရဲ့ မျက်နှာပာာ အရုပ်မလေး လို လှပနေ ပေမယ့် ခန္ဓာကိုယ် အချိုးအစား ကတော့ ပောာ့ခ်ရုပ်ရှင် ဇာတ်ကားတွေထဲ က ပုံစံမျိုး ကြွက်သားတွေနဲ့ ဖြစ်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဂျူလီယာဗင်စ် ကို ရုရှား မှာ အရုပ်မ မျက်နှာနဲ့ ကြွက်သားတွေ ရှိနေသူ လို့ ခေါ်ဆိုကြသူက ခေါ်သလို နတ်သမီးမျက်နှာ နဲ့ လူ့ဘီလူးခန္ဓာကိုယ်ရှိတဲ့သူလို့တင်စားတဲ့သူက တင်စားကြပါတယ်။ ဂျူလီယာဗင်စ်ပာာ ရုရှားမှာ လူသိများ သူဖြစ်ပြီး လူမှုကွန်ရက်ဖြစ်တဲ့ အင်စတာဂရမ်မှာ ပရိသတ် ( ၁ )သန်း ကျော် ရှိနေပါ တယ်။ ဂျူလီယာဗင်စ် ဟာ အလေးမပြိုင်ပွဲမှာ ချန်ပီယံဆုတွေ ရယူ ထားပြီး လှပဖို့ထက် ကြွက်သားတွေ ပိုသန်မာဖို့က အရေးကြီးတယ်လို့ ခံယူထားသူ ဖြစ်ပါတယ်။ ၁၉၉၆ခုနှစ်က အန်ဂယ်မြို့ မှာမွေးဖွားခဲ့တဲ့ ဂျူလီယာဗင်စ်က ကျွန်မကို အရုပ်မမျက်နှာနဲ့ ကြွက်သားတွေရှိသူ အဖြစ် ခိုင်းနှိုင်းခေါ်ဆိုမှုတွေ ပြုလုပ်တဲ့ အပေါ် ကျေနပ်မိပါတယ်။

ကျွန်မရဲ့စိတ်ထဲမှာ ခန္ဓာကိုယ်ကို ကြီးထွားဖို့ကိုပဲ အာရုံစိုက်ထား ပါတယ်။ ကျွန်မဟာ လှပချင်တဲ့ စိတ်ရှိပေမယ့် တစ်ချိန်တည်းမှာပဲ ကြွက်သားတွေအများ ကြီး ရှိစေချင်ပါတယ်။ ကျွန်မပာာ လေ့ကျင့်ရာ မှာ ကီလို (၁၈၀) အထိ မနိုင်ပါတယ်။ ကျွန်မ အနေနဲ့ ဒီထက်ပိုကြီးတဲ့ ကြွက်သားပိုင်ရှင် ဖြစ်လာဖို့ ရှိပါတယ် လို့ ဆိုခဲ့ပါတယ်။ ဂျူလီယာဗင်စ်က သူ့ရဲ့ကြွက်သားတွေ အတွက် မနာလို နေကြတဲ့ အမျိုးသားတွေလည်း ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ဂျူလီယာဗင်စ်ဟာ ငယ်စဉ်ကတည်း က ချောမော လှပသူ ဖြစ်ပြီး သီချင်းဆိုခြင်း၊ အခြား အနုပညာတွေကို သင်ယူခြင်း စတာတွေကို ပြုလုပ်တတ်ပေမယ့် သူအလုပ်ချင်ဆုံး အရာဖြစ်တဲ့ ခန္ဓာကိုယ်က ကြွက်သားတွေကို ကြီးထွား လာဖို့ အသက်(၁၅) နှစ်အရွယ်မှ စတင်ကာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့ ခြင်းကြောင့် ဂျူလီယ ဗင်စ်ပာာ ကြီးမားတဲ့ ကြွက်သားတွေကို ပိုင်ဆိုင်လာခဲ့ပ ါတယ်။ ဂျူလီယာဗင်စ်ပာာ အခြား အားကစား တွေကို ဝါသနာ
မပါဘဲ ကြွက်သားတွေ ကြီးထွားအောင် အစဉ်အမြဲ ကြိုးစား ခဲ့ပါတယ်။ သူမဟာ RSPS အသင်းရဲ့အဖွဲ့ဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။

ဂျူလီယာဗင်စ်ပာာ ကြွက်သားတွေ ကြီးထွား လာဖို့ အတွက် အစား အသောက် ကိုလည်း အများကြီး စားသုံးခဲ့ရ ပါတယ်။ ဂျူလီယာဗင်စ်ပာာ လှပဖို့ အလှတွေကို အမြဲတမ်း ပြင်ဆင်နေခဲ့ ပေမယ့် အဝတ်အစားတွေ ဝတ်ဆင်ရာမှာ အခက်အခဲတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူမရဲ့ခန္ဓာကိုယ်ဟာ ကြွက်သားတွေအမြှောင်းမြှောင်းထနေတာကြောင့် ဂျူလီယာဗင်စ် နဲ့ တော်တဲ့ အဝတ်အစားကို ရှာဖွေရာမှာ မလွယ် ကူ တာကြောင့် ဖြစ်ပါတယ်။ ဂျူလီယာဗင်စ်ဟာ လက်ရှိမှာတော့ fitness မော်ဒယ်အပြင် Gym နည်းပြ အနေနဲ့ပါ ရပ်တည်လျှက်ရှိပါတယ်။

crd

zawgyi

အမ်ိဳးသမီး တစ္ဦးရဲ႕ အလွအပကို မ်က္ႏွာ ကေန စတင္ အကဲခတ္ေလ့ ရွိပါတယ္။ ဒီလိုဆိုရင္ ႐ုရွားႏိုင္ငံက အသက္ (၂၂) ႏွစ္ အ႐ြယ္ေကာင္မေလး ဂ်ဴလီယာဗင္စ္ကို အေခ်ာဆုံးသူလို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။ ဂ်ဴလီယာဗင္စ္ရဲ႕ မ်က္ႏွာပာာ အ႐ုပ္မေလး လို လွပေန ေပမယ့္ ခႏၶာကိုယ္ အခ်ိဳးအစား ကေတာ့ ေပာာ့ခ္႐ုပ္ရွင္ ဇာတ္ကားေတြထဲ က ပုံစံမ်ိဳး ႂကြက္သားေတြနဲ႔ ျဖစ္ေနတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။ ဂ်ဴလီယာဗင္စ္ ကို ႐ုရွား မွာ အ႐ုပ္မ မ်က္ႏွာနဲ႔ ႂကြက္သားေတြ ရွိေနသူ လို႔ ေခၚဆိုၾကသူက ေခၚသလို နတ္သမီးမ်က္ႏွာ နဲ႔ လူ႔ဘီလူးခႏၶာကိုယ္ရွိတဲ့သူလို႔တင္စားတဲ့သူက တင္စားၾကပါတယ္။ ဂ်ဴလီယာဗင္စ္ပာာ ႐ုရွားမွာ လူသိမ်ား သူျဖစ္ၿပီး လူမႈကြန္ရက္ျဖစ္တဲ့ အင္စတာဂရမ္မွာ ပရိသတ္ ( ၁ )သန္း ေက်ာ္ ရွိေနပါ တယ္။ ဂ်ဴလီယာဗင္စ္ ဟာ အေလးမၿပိဳင္ပြဲမွာ ခ်န္ပီယံဆုေတြ ရယူ ထားၿပီး လွပဖို႔ထက္ ႂကြက္သားေတြ ပိုသန္မာဖို႔က အေရးႀကီးတယ္လို႔ ခံယူထားသူ ျဖစ္ပါတယ္။ ၁၉၉၆ခုႏွစ္က အန္ဂယ္ၿမိဳ႕ မွာေမြးဖြားခဲ့တဲ့ ဂ်ဴလီယာဗင္စ္က ကြၽန္မကို အ႐ုပ္မမ်က္ႏွာနဲ႔ ႂကြက္သားေတြရွိသူ အျဖစ္ ခိုင္းႏႈိင္းေခၚဆိုမႈေတြ ျပဳလုပ္တဲ့ အေပၚ ေက်နပ္မိပါတယ္။

ကြၽန္မရဲ႕စိတ္ထဲမွာ ခႏၶာကိုယ္ကို ႀကီးထြားဖို႔ကိုပဲ အာ႐ုံစိုက္ထား ပါတယ္။ ကြၽန္မဟာ လွပခ်င္တဲ့ စိတ္ရွိေပမယ့္ တစ္ခ်ိန္တည္းမွာပဲ ႂကြက္သားေတြအမ်ား ႀကီး ရွိေစခ်င္ပါတယ္။ ကြၽန္မပာာ ေလ့က်င့္ရာ မွာ ကီလို (၁၈၀) အထိ မႏိုင္ပါတယ္။ ကြၽန္မ အေနနဲ႔ ဒီထက္ပိုႀကီးတဲ့ ႂကြက္သားပိုင္ရွင္ ျဖစ္လာဖို႔ ရွိပါတယ္ လို႔ ဆိုခဲ့ပါတယ္။ ဂ်ဴလီယာဗင္စ္က သူ႔ရဲ႕ႂကြက္သားေတြ အတြက္ မနာလို ေနၾကတဲ့ အမ်ိဳးသားေတြလည္း ရွိေနတယ္လို႔ ဆိုခဲ့ပါတယ္။ ဂ်ဴလီယာဗင္စ္ဟာ ငယ္စဥ္ကတည္း က ေခ်ာေမာ လွပသူ ျဖစ္ၿပီး သီခ်င္းဆိုျခင္း၊ အျခား အႏုပညာေတြကို သင္ယူျခင္း စတာေတြကို ျပဳလုပ္တတ္ေပမယ့္ သူအလုပ္ခ်င္ဆုံး အရာျဖစ္တဲ့ ခႏၶာကိုယ္က ႂကြက္သားေတြကို ႀကီးထြား လာဖို႔ အသက္(၁၅) ႏွစ္အ႐ြယ္မွ စတင္ကာ ေလ့က်င့္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ဒီလိုလုပ္ခဲ့ ျခင္းေၾကာင့္ ဂ်ဴလီယ ဗင္စ္ပာာ ႀကီးမားတဲ့ ႂကြက္သားေတြကို ပိုင္ဆိုင္လာခဲ့ပ ါတယ္။ ဂ်ဴလီယာဗင္စ္ပာာ အျခား အားကစား ေတြကို ဝါသနာ
မပါဘဲ ႂကြက္သားေတြ ႀကီးထြားေအာင္ အစဥ္အၿမဲ ႀကိဳးစား ခဲ့ပါတယ္။ သူမဟာ RSPS အသင္းရဲ႕အဖြဲ႕ဝင္ တစ္ေယာက္လည္း ျဖစ္ပါတယ္။

ဂ်ဴလီယာဗင္စ္ပာာ ႂကြက္သားေတြ ႀကီးထြား လာဖို႔ အတြက္ အစား အေသာက္ ကိုလည္း အမ်ားႀကီး စားသုံးခဲ့ရ ပါတယ္။ ဂ်ဴလီယာဗင္စ္ပာာ လွပဖို႔ အလွေတြကို အၿမဲတမ္း ျပင္ဆင္ေနခဲ့ ေပမယ့္ အဝတ္အစားေတြ ဝတ္ဆင္ရာမွာ အခက္အခဲေတြ ရွိေနပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ သူမရဲ႕ခႏၶာကိုယ္ဟာ ႂကြက္သားေတြအေျမႇာင္းေျမႇာင္းထေနတာေၾကာင့္ ဂ်ဴလီယာဗင္စ္ နဲ႔ ေတာ္တဲ့ အဝတ္အစားကို ရွာေဖြရာမွာ မလြယ္ ကူ တာေၾကာင့္ ျဖစ္ပါတယ္။ ဂ်ဴလီယာဗင္စ္ဟာ လက္ရွိမွာေတာ့ fitness ေမာ္ဒယ္အျပင္ Gym နည္းျပ အေနနဲ႔ပါ ရပ္တည္လွ်က္ရွိပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *