ကမ္ဘာက ဖြုံသွားရတဲ့ ၂၁ ရာစု မှတ်ကျောက် တင် မယ့် “မြန်မာ့နွေဦး တော်လှန်ရေး”

Posted on

စစခြင်း အာဏာသိမ်းတော့ မြန်မာတွေ ငြိမ်နေတယ်။ ကမ္ဘာက ထင်တယ် ဒီကောင်တွေ ဘာမှပြန်မလုပ်နိုင်ဘူး။ အဲ့တော့စာတွေထုတ်တယ် တချို့က ဝတ်ကြေတမ်း‌ကြေ၊ တချို့က နည်းနည်းပြင်းပြင်း၊ အားလုံးကတော့ နိုင်ငံရေး အကျိုးအမြတ်မရရင် ဘာမှအဆုံးရှုံးခံပြီး ဝင်မကူချင်ကြပါဘူး။ UN နဲ့ အနောက်နိုင်ငံတွေရဲ့ ထုံးစံအတိုင်း စီးပွါးရေးပိတ် ရှုံချ၊ ဒါမျိုးလေးတွေ လုပ်ပြီး ပြီးသွားမယ် သူတို့ တွက်ခဲ့တယ်။ တရုတ် ရရှားတို့လဲ အတွင်းရေးပြဿနာနဲ့ ဖြီးချမယ်။

အာစီယံကတော့ သူတို့ အသာရတဲ့ စီးပွါးရေးဖြစ်ရင် ပြီးရော ဝင်မစွက်ဖက် တဲ့ မူကိုကိုင်ထားတယ်။ အားလုံးက အဲ့လောက်ကြီး ထည့်တွက်တာမဟုတ်ဘူး။ အကုန်လုံးက လုပ်စရာရှိတာသာ လုပ်ကြတာ။ ဒီလိုပဲ ပြီးသွားမယ်ပေါ့။ ဇတ်လမ်းက CDM ကစတာ။ CDM လုပ်တယ်ဆိုတာ တိုင်းပြည်စီးပွါးရေးကို ရိုက်ချိုးတာ၊ ပြည်သူတွေကိုယ်တိုင် နစ်နာတာ၊ စီးပွါးရေးကြီး ရပ်တန့်လုနီးနီးဖြစ်နေပြီ။ အဲ့လိုကို ကိုယ်အနာခံပြီးတော့ အာဏာရှင်ကို စဖြိုတော့ တရုတ်ကြီး နဲ့ အာစီယံတွေ နည်းနည်းတော့ ထိခိုက်လာတယ်။ ရပ်သွားမလားစောင့်ကြည့် လေသံတွေ ပြောင်းလာတာ။

ဒုတိယ ဆန္ဒပြပွဲတွေ စတယ်။ ကမ္ဘာကတော့ စောင့်ကြည့်နေတုန်းပဲ အချိန်တန် ဖြိုခွင်းရင် ရပ်သွားမယ် တွက်တယ်။ ဝတ်ကြေတန်း‌ကြေစာတွေ ထုတ်ကြတယ်။ အစည်းအဝေးတွေခေါ်ပေါ့။ အဲ့မှာ စပစ်ခတ်နှိမ်နင်းတယ်၊ သူရဲကောင်းတွေ တစ်ယောက်စ နှစ်ယောက်စ အသက်တွေ ရင်းရပြီ။ ထုံးစံအတိုင်း စာထုတ်ပေါ့၊ ရှုံချပေါ့။ အရင်လို ပစ်ရင် အသေအပျောက်များလာရင် ငြိမ်သွာ းမယ်၊ CDM လုပ်တာလဲ ရက်ရှည်ရင် စီးပွါးရေး ပျက်လာမယ် ပြီးရင် လက်လျော့ပြီး ရုံးတွေပြန်တက်၊ အချင်းချင်းတွေ ဖိုက်ပြီး ပြီးသွားမယ် နိုင်ငံတိုင်းအဲ့လိုပဲ တွက်ခဲ့တယ်။ ဒါပေ့မယ့် ပစ်လိုက်တိုင်း လမ်းပေါ်လူတွေ ပိုပိုတိုးလာတယ်။ CDM ကသာကြာတာလာတယ် ကုန်ဈေးနှုန်း တည်ငြိမ်နေသေးတယ်။ အချင်းချင်း ကူညီဖေးမပြီး မဖြစ်နိုင်ဘူးလို့ ကမ္ဘာက ထင်ထားတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့တယ်။

အဲ့မှာ မြန်မာမှာ ရင်းနီးမြုတ်နှံထားတဲ့ အာစီယံတွေ စထိပြီ၊ နိုင်ငံမတည်ငြိမ်တော့ သူတို့ရင်းနှီးမြုတ်နှံမှုတွေ ထိခိုက်၊ လေသံတွေစပြောင်းလာတယ်။ ဒီလောက် အသက်တွေပေးရ‌တာတောင် အကြမ်းမဖတ်မှုကို ဆုတ်ကိုင်ထားပြီး ရဲရဲရင့်ရင့် လိုချင်တာကို တောင်းဆိုရဲတဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိကို ကမ္ဘာက ဖြုံလာတယ်။ သေနတ်တွေ အရှေ့မှာ လက်လုပ်ဒိုင်းလေးတွေနဲ့ ဆန္ဒဖေါ်ထုတ်တဲ့ မြန်မာတွေကို အံ့ဩနေကြတယ်။

စာသားတွေမှာတောင် brave people of Burma ဆိုပြီးဖြစ်လာရတယ်။ ဝတ်ကြေတမ်းကြေတွေ လုပ်မရတော့ဘူး။ အာဏာရှင်တွေ မိုက်တွင်းနက်တာထက် ပြည်သူတွေ သတ္တိကောင်းတာကို လေးစားကုန်တယ်။ အဲ့တော့ ရပ်ကြည့်လို့မရတော့ဘူး၊ မဖြစ်မနေဝင်ကူရတဲ့ အဆင့်ကို ရောက်လာရတာ။ မြန်မာပြည်သူတွေရဲ့ ဇွဲလုံလ စွန့်လွတ်စွန့်စား မြင့်မြတ်တဲ့ စိတ်ထားတွေသာ မရှိခဲ့ရင် ဒီနေ့ဒီချိန် R2P ဆိုတာ UN မှာ ဆွေးနွေးဖြစ်မှာ မဟုတ် ဘူး။ ရှုံချတယ်ဆိုတဲ့ စာရွက်ပေါ်မှာတင် ပြီးသွားမှာပါ။

ရလာဒ် ဘယ်လိုပင်ဖြစ်ပါ‌စေ ရှေ့လျောက် အခက်အခဲတွေ အောင်မြင်စွာ ကျော်လွှားနိုင်မည် ဟု ယုံကြည်လျက်ပါပဲ။ မြန်မာ့နွေဦးတော်လှန်ရေးမှာ ကမ္ဘာသမိုင်းမှာ ၂၁ ရာစု မှတ်ကျောက်တင်မယ့် အကြမ်းမဖက်ငြိမ်ချမ်းစွာတော်လှန်ခဲ့တဲ့ သမိုင်းတခု အဖြစ်ကြိမ်းသေ နောင်လာနောက်သားတွေ သင်ယူရမယ့် နိုင်ငံရေး လေ့လာသူတွေ စံထားရမယ့် သမိုင်းတစ်ခု ဖြစ်လာမှာ မလွဲမသေပါပဲ။ နွေဦးတော်လှန်ရေးမှာ ကဏ္ဌစုံက ပါဝင်နေတြဲ တစ်ဦးချင်းစီကို လေးစားလျက်။

Credit

Leave a Reply

Your email address will not be published. Required fields are marked *