ကဆုန်လပြည့်နေ့ မှာ ရိုးရာ ဓလေ့ ကို အလေး ထားပြီး ညောင်ရေ သွန်းကာ ကောင်းမှုကုသိုလ်တွေ လုပ်ခဲ့တဲ့ ကလေးတို့ မေမေ ခိုင်နှင်းဝေ

Posted on

မေတ္တာလိုအပ်နေတဲ့ ကလေးတွေ ရဲ့ဘဝကို မိခင်အရင်းတစ်ယောက်လိုစောင့်ရှောက်ပေးပြီး လုံခြုံမှု ပေးနေတဲ့ ခိုင်နှင်းဝေဟာ ကလေးတွေ ရဲ့ဘဝတင်မကဘဲ အခြေခံလူတန်းစားတွေကိုပါ ကူညီဖေးမတတ်သူပါ။ ဘုရားတရားလည်းကိုင်း ရှိုင်းပြီး ဒီနေ့ ကဆုန်လပြည့်နေ့မှာလည်း ရိုးရာဓလေ့အတိုင်း ညောင်ရေသွန်း ကာကောင်းမှုကုသိုလ် ပြုလုပ်ခဲ့ပါတယ်။ စိတ်ထားကောင်းကောင်း ထားသူမို့ အပြုံးလေးတွေက ပကတိကြည်လင်နေပါတယ်။ မတစ်ထောင် သားသမီးတွေကို အစစအရာရာ အသေးစိတ် ဂရုစိုက်ပြီးချစ်နိုင်ဖို့ဆိုတာ တကယ်ကိုမလွယ်တဲ့အလုပ်ပါ။

သူမကတော့ မလွယ်တာတွေကို ကြိုးစား လုပ်ကိုင်းရင်း ဘဝပေါင်းများစွာကို ကယ်တင်နေဆဲပါပဲ။ သူမ ကယ်တင်စောင့်ရှောက်လိုက်လို့ ဒုက္ခတွင်းထဲက လွတ်မြောက်သွားတဲ့ ကလေးငယ်လေးတွေမနည်းပါဘူး။ ထပ်မံပြီးစောင့်ရှောက်နိုင်အောင်လည်း ဂေဟာ အကြီး ဆောက်လုပ်နေပါသေးတယ်။ ဒီဂေဟာကြီး ပြီးသွား ရင်တော့ ကလေးတွေကို ဒီထက်ပိုပြီး စောင့်ရှောက်နိုင်ဖို့ ရည်မှန်းချက် နဲ့ ကလေးတို့မေမေဟာ ပီတိဖြစ်နေခဲ့ပါတယ်။ ပရဟိတအလုပ်တွေနဲ့ ပျော်မွေ့ပြီး သူတစ်ပါးကိုကူညီကယ်ဆယ်ရင်း ဘဝရဲ့နေ့ရက်တွေကို အဓိပ္ပါယ်ရှိရှိဖြတ်သန်းနေခဲ့ပါတယ်။

ကဆုန်ညောင်ရေသွန်းပွဲမှာ ကုသိုလ်ယူခဲ့တဲ့ ပုံရိပ်တွေကို ” ကဆုန်လပြည့်နေ့ ညောင်ရေသွန်း ဖြစ်ခဲ့ပါတယ်ရှင် 🙏🙏🙏 ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ကိုယ်ကျိုးစွန့်တဲ့ ပရဟိတအလုပ်တွေကို ကြိုးကြိုးစားစားဆောင်ရွက်နေသူမို့ ပရိသတ်တွေကလည်း အရင်ကထက်ပိုပြီးချစ်ခင်အားပေးခဲ့ကြ ပါတယ်။ ကုသိုလ်ရေးမှာတော့ လက်မနှေးတတ် တဲ့ ကလေးတို့မေမေဟာ လေးစားစရာ အမျိုးသမီး တစ်ယောက်ပါ။ ကဆုန်လပြည့်နေ့မှာ ကုသိုလ်ပြုနေတဲ့ ကလေးတို့မေမေရဲ့ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo Credit – Khine Hnin Wai’s FB Acc

zawgyi

ေမတၱာလိုအပ္ေနတဲ့ ကေလးေတြ ရဲ႕ဘဝကို မိခင္အရင္းတစ္ေယာက္လိုေစာင့္ေရွာက္ေပးၿပီး လုံၿခဳံမႈ ေပးေနတဲ့ ခိုင္ႏွင္းေဝဟာ ကေလးေတြ ရဲ႕ဘဝတင္မကဘဲ အေျခခံလူတန္းစားေတြကိုပါ ကူညီေဖးမတတ္သူပါ။ ဘုရားတရားလည္းကိုင္း ရႈိင္းၿပီး ဒီေန႔ ကဆုန္လျပည့္ေန႔မွာလည္း ႐ိုးရာဓေလ့အတိုင္း ေညာင္ေရသြန္း ကာေကာင္းမႈကုသိုလ္ ျပဳလုပ္ခဲ့ပါတယ္။ စိတ္ထားေကာင္းေကာင္း ထားသူမို႔ အၿပဳံးေလးေတြက ပကတိၾကည္လင္ေနပါတယ္။ မတစ္ေထာင္ သားသမီးေတြကို အစစအရာရာ အေသးစိတ္ ဂ႐ုစိုက္ၿပီးခ်စ္ႏိုင္ဖို႔ဆိုတာ တကယ္ကိုမလြယ္တဲ့အလုပ္ပါ။

သူမကေတာ့ မလြယ္တာေတြကို ႀကိဳးစား လုပ္ကိုင္းရင္း ဘဝေပါင္းမ်ားစြာကို ကယ္တင္ေနဆဲပါပဲ။ သူမ ကယ္တင္ေစာင့္ေရွာက္လိုက္လို႔ ဒုကၡတြင္းထဲက လြတ္ေျမာက္သြားတဲ့ ကေလးငယ္ေလးေတြမနည္းပါဘူး။ ထပ္မံၿပီးေစာင့္ေရွာက္ႏိုင္ေအာင္လည္း ေဂဟာ အႀကီး ေဆာက္လုပ္ေနပါေသးတယ္။ ဒီေဂဟာႀကီး ၿပီးသြား ရင္ေတာ့ ကေလးေတြကို ဒီထက္ပိုၿပီး ေစာင့္ေရွာက္ႏိုင္ဖို႔ ရည္မွန္းခ်က္ နဲ႔ ကေလးတို႔ေမေမဟာ ပီတိျဖစ္ေနခဲ့ပါတယ္။ ပရဟိတအလုပ္ေတြနဲ႔ ေပ်ာ္ေမြ႕ၿပီး သူတစ္ပါးကိုကူညီကယ္ဆယ္ရင္း ဘဝရဲ႕ေန႔ရက္ေတြကို အဓိပၸါယ္ရွိရွိျဖတ္သန္းေနခဲ့ပါတယ္။

ကဆုန္ေညာင္ေရသြန္းပြဲမွာ ကုသိုလ္ယူခဲ့တဲ့ ပုံရိပ္ေတြကို ” ကဆုန္လျပည့္ေန႔ ေညာင္ေရသြန္း ျဖစ္ခဲ့ပါတယ္ရွင္ 🙏🙏🙏 ” ဆိုၿပီး ေဝမွ်ခဲ့ပါတယ္။ ကိုယ္က်ိဳးစြန႔္တဲ့ ပရဟိတအလုပ္ေတြကို ႀကိဳးႀကိဳးစားစားေဆာင္႐ြက္ေနသူမို႔ ပရိသတ္ေတြကလည္း အရင္ကထက္ပိုၿပီးခ်စ္ခင္အားေပးခဲ့ၾက ပါတယ္။ ကုသိုလ္ေရးမွာေတာ့ လက္မေႏွးတတ္ တဲ့ ကေလးတို႔ေမေမဟာ ေလးစားစရာ အမ်ိဳးသမီး တစ္ေယာက္ပါ။ ကဆုန္လျပည့္ေန႔မွာ ကုသိုလ္ျပဳေနတဲ့ ကေလးတို႔ေမေမရဲ႕ပုံရိပ္ေတြကို တင္ဆက္ေပးလိုက္ပါတယ္။

Photo Credit – Khine Hnin Wai’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *