မင်းသမီးချော ဝတ်မှုံရွှေရည် ကတော့ ဇန်နဝါရီလကုန် ကတည်း က မြဝတီမြို့မှာ တရားစခန်းဝင် ကုသိုလ် ယူနေခဲ့ပြီး တရားစခန်းက အပြန်မှာတော့ မြန်မာပြည်သူလူထုနဲ့အတူတူ ဒီမိုကရေစီလွတ်လပ်မှု အတွက် တစ်သားတည်းရှိနေပေးခဲ့တာ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ဖမ်းဆီး ထိန်းသိမ်းခံ ထားရတဲ့ ပြည်သူ့ခေါင်းဆောင်များကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒ ဖော်ထုတ်နေတာပဲ ဖြစ်ပါတယ်။ ပြည်သူထဲ ကပြည်သူ တစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ကတော့ သူမကိုယ်တိုင်လည်း ဆန္ဒဖော်ထုတ်နေသလို ပြည်သူတွေနဲ့လည်း အမြဲတမ်း အတူရှိနေကြောင်း အားပေးလေ့ရှိသူတစ်ယောက် ဖြစ် ပါတယ်။
ဒီကနေ့ မှာလည်း ဝတ်မှုံရွှေရည်က ကချင်ပြည်နယ် အပါအဝင် မြန်မာတစ်ပြည်လုံးက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ေ နေသော တိုင်းရင်းသား အားလုံးကို အားပေးထောက်ခံကြောင်းကို “ကချင်ပြည်နယ် အပါအဝင် မြန်မာတစ်ပြည်လုံးက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေသော တိုင်းရင်းသား အားလုံးကို အားပေး ထောက်ခံပါသည်… Pray For Kachin 🙏🙏 ချစ်သော ကချင်မြေ နဲ့ မြန်မာပြည် သူ ပြည်သား တိုင်းရင်းသားအပေါင်း ဘေးကင်းကြပါစေ 🙏🏻 ” ဆိုပြီး အပစ်အခတ် တွေဖြစ်နေတဲ့ ကချင်ပြည်နယ်အတွက်လည်းဆုတောင်းပေး ထားတာကို တွေ့ရပါတယ်။
ဝတ်မှုံရွှေရည် ကတော့ ပြည်သူ ချစ်သော မင်းသမီး တစ်လက် ပီပီ ပြည်သူတွေနဲ့ အမြဲတမ်းရှိ နေကြောင်းကို ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက ္ပါတယ်နော်။
Source: Wutt Hmone Shwe Yi’s fb
Credit:Cele Connections
zawgyi